
စက်တင်ဘာ ၂၈၊ ပန်းတနော်

=======================

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ ရွာကြီးဘက်ကမ်း စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

စက်တင်ဘာ ၂၈၊ ပန်းတနော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် ၂၈-၉-၂၀၂၃ ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ ရွာကြီးဘက်ကမ်း စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသ​ော လိုအပ်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးရေး စသည့်အချက်များအပါအဝင် ဒေသခံများ၏တင်ပြချက်များအား အပြန်အလှန် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။