ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

ဖါးဆောင်းမြို့၊ မတ်လ ၂၉

ယနေ့ (၂၉-၃ -၂၀၁၈) ရက်နေ့ ညနေ (၃း၁၀) နာရီ အချိန် ကယားပြည်နယ် ဘောလခဲခရိုင် ဖါးဆောင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဖါးဆောင်းမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုး ပါတီ တာဝန်အဆင့်ဆင့်ရှိသူများက နိုင်ငံတော်အလံ အား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့်အခမ်း အနား ကိုဖွင့်လှစ်ပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း က အဖွင့်အမှာစကား ပြောကြားသွားပါသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးတင်ဦး (စည်းရုံးရေး တာဝန်ခံ)မှ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဌများ တာဝန်ပေးအပ်ရခြင်းအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းက တာဝန်ပေးအပ်ခြင်းခံရ သော ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဌများအား တာဝန်ခန့်အပ်လွှာ ပေးအပ်သွားပါသည်။ ပြီးနောက်တာဝန်ပေးအပ်ခြင်း ခံရသော ရပ်ကွက်/ကျေးရွာ အုပ်စုပါတီ ဥက္ကဌများ ကတိသစ္စာခံ ယူပါသည်
ထို့နောက် ဖါးဆောင်းမြို့နယ် ရပ်ကွက်/ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌများကိုယ်စား ဖါးဆောင်း မြို့နယ် တောင်ပိုင်းရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်နန်းစံဟွမ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသွားပါသည်။
ယနေ့ ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဌ များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းပြည်နယ်ပါတီ ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင် ဒေါ်နန်းယဉ်သီတာထွေး(ဖါးဆောင်းမြို့နယ်တာဝန်ခံ) ပြည်နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဒေါ်မော်မော်ခိုင်နှင့် ဒေါ်ဗျားမြာမောင် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးလှမောင် ဖါးဆောင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်မောင်ညို အတွင်းရေးမှူး ဒေါ်ခင်နှင်းယဉ်နှင့် မြို့နယ်ကော်တီဝင်များ ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၆၀)ဦးတက်ရောက်ပြီး ညနေ(၄း၁၀) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် အခမ်းအနားကို ကြွေးကြော်သံများဖြင့်ရုပ်သိမ်း ပါသည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့က ရပ်ကျေးပါတီ ဥက္ကဌများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် ကြောင်း သတင်းရရှိသည်။

လမင်း ချစ်သူ