ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအတွက် ပထမအသုတ် မဲပေးမှုတွင် ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတားရ် ဦးဆောင်နေ

နယူးယောက် ဇူလိုင် ၂၂

ကုလသမဂ္ဂ ဒုက္ခသည်ရေးရာအကြီးအကဲအဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ဖူးသူ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတားရ်သည် ကုလသမဂ္ဂတွင် အထွေထွေတွင်းရေးမှူးချုပ် အသစ်အဖြစ် ရွေးချယ်မည့် မဲပေးပွဲတွင် ဦးဆောင်နိုင်ခဲ့ကြောင်း သံတမန်များကပြောသည်။

Antonio

ဆလိုဗေးနီးယား သမ္မတဟောင်း ဒန်နီလိုတာ့ခ်သည် ဘန်ကီမွန်းနေရာတွင် အစားထိုးဝင်ရောက်မည့်သူကို ရွေးချယ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့သော လျှို့ဝှက်မဲပေးမှုတွင် ဒုတိယနေရာတွင် ရပ်တည် ခဲ့သည်။

ဗြိတိန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့ပါဝင်သော အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံမှ သံအမတ်ကြီးများ အပါအ၀င် သံအမတ် (၁၅) ဦးတို့က သက်ဆိုင်ရာကိုယ်စားလှယ်များအတွက် မဲပေးရာတွင် ထောက်ခံသည်၊ ကန့်ကွက်သည် သို့မဟုတ် ကြားနေဖြင့် မဲပေးခဲ့ကြခြင်း ဖြစ်သည်။

Ref:AFP


Leave a Reply