ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း မအူပင္ခရိုင္၊ ဖ်ာပုံခရိုင္ႏွင့္ ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕နယ္မွ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

စက္တင္ဘာ ၂၈၊ မအူပင္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းသည္ ဧရာဝတီတိုင္းေဒသႀကီး ဥကၠ႒ ဦးသိန္းထြန္းႏွင့္အတူ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္ေန႔တြင္ မအူပင္ခရိုင္ပါတီ႐ုံး အစည္းအေဝးခန္းမ၌ ျပဳလုပ္သည့္ မအူပင္ခရိုင္ ပါတီေကာ္မတီဝင္မ်ားႏွင့္ ခရိုင္အတြင္းရွိ မအူပင္၊ ေညာင္တုန္း၊ ပန္းတေနာ္၊ ဓႏုျဖဴ ၿမိဳ႕နယ္မ်ားမွ ပါတီေကာ္မတီဝင္မ်ား၊ ဖ်ာပုံခရိုင္ ပါတီေကာ္မတီဝင္မ်ားႏွင့္ ခရိုင္အတြင္းရွိ ဖ်ာပုံ၊ ေဒးဒရဲ၊ ဘိုကေလး၊ က်ိဳက္လတ္ ၿမိဳ႕နယ္မ်ားမွ ပါတီေကာ္မတီဝင္မ်ား၊ ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕နယ္ ပါတီကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ဗဟိုအတြင္းေရးမႉးက ပါတီမွခ်မွတ္ထားေသာ ေရတို ေရရွည္လုပ္ငန္းစဥ္မ်ား၊ ပါတီဝင္အင္အားႏွင့္ပတ္သက္ၿပီး ေဆာင္ရြက္မႈဆိုင္ရာ အေျခအေနမ်ားအား ရွင္းလင္းေျပာၾကားခဲ့ပါသည္။ ၎ေနာက္ ဧရာဝတီ​တိုင္းေဒသႀကီး ပါတီဥကၠ႒မွ တိုင္းေဒသႀကီးပါတီ၏ ေဆာင္ရြက္ထားရွိမႈမ်ား၊ တိုင္းအတြင္းရွိ ပါတီဝင္အင္အားစာရင္းႏွင့္ ေဆာင္ရြက္ထားရွိမႈမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္ တက္ေရာက္လာသူမ်ားက လုပ္ငန္းလိုအပ္ခ်က္မ်ားအား တင္ျပၾကရာ ပါတီဗဟိုအတြင္းေရးမႉးႏွင့္ တိုင္းေဒသႀကီးပါတီဥကၠ႒တို႔မွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး ေတြ႕ဆုံပြဲအား ႐ုတ္သိမ္းခဲ့ပါသည္။

================================

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း မအူပင်ခရိုင်၊ ဖျာပုံခရိုင်နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

စက်တင်ဘာ ၂၈၊ မအူပင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်အတူ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မအူပင်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မအူပင်ခရိုင် ပါတီကော်မတီဝင်များနှင့် ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ မြို့နယ်များမှ ပါတီကော်မတီဝင်များ၊ ဖျာပုံခရိုင် ပါတီကော်မတီဝင်များနှင့် ခရိုင်အတွင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ ကျိုက်လတ် မြို့နယ်များမှ ပါတီကော်မတီဝင်များ၊ မော်လမြိုင်ကျွန်းမြို့နယ် ပါတီကာ်မတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူးက ပါတီမှချမှတ်ထားသော ရေတို ရေရှည်လုပ်ငန်းစဥ်များ၊ ပါတီဝင်အင်အားနှင့်ပတ်သက်ပြီး ဆောင်ရွက်မှုဆိုင်ရာ အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဧရာဝတီ​တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌမှ တိုင်းဒေသကြီးပါတီ၏ ဆောင်ရွက်ထားရှိမှုများ၊ တိုင်းအတွင်းရှိ ပါတီဝင်အင်အားစာရင်းနှင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများက လုပ်ငန်းလိုအပ်ချက်များအား တင်ပြကြရာ ပါတီဗဟိုအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။