မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့် တွေ့ဆုံခြင်း

 

မယ်စဲ့မြို့ ၊မတ်လ ၆ ရက်

(၆-၃-၂၀၁၈) ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် ဟိုစဲ့ကျေးရွာ ရပ်/ကျေးကော်မတီဝင် နေအိမ်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဟိုစဲ့ကျေးရွာ ပါတီဝင်များနှင့်သွားရောက်တွေ့ဆုံပါသည်။
၎င်းတွေ့ဆုံရာတွင် ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်(မယ်စဲ့မြို့နယ်တာဝန်ခံ)က မိမိဒေသမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပါတီကိစ္စများ၊ နိုင်ငံရေးအခြေအနေများ၊ ပါတီဝင်လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။
ယင်းနောက် မယ်စဲ့မြို့နယ် မြို့နယ်ကောက်မတီဝင် ဒေါ်အေးထွန်းမှ ဟိုစဲ့လူငယ်များအတွက် အလှူငွေကျပ် (၆၅၀၀၀ိ/-) ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ ရုံးအဖွဲ့များ လိုက်ပါသွားကြောင်း သိရှိရသည်။

Crd;