သက္တမ္း(၁၂၄)ႏွစ္ရွိၿပီျဖစ္ေသာ ေမာ္လၿမိဳင္ၿမိဳ႕၊ အထက(၉) သစ္သားေက်ာင္းေဆာင္ႀကီး Level 4အဆင့္ရွိ မီးေလာင္မႈျဖစ္ပြား

ၾသဂုတ္ ၄

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ အထက(၉) သစ္သားေက်ာင္းေဆာင္ႀကီးတြင္ ယေန႔ နံနက္ (၀၀: ၁၅)နာရီအခ်ိန္ခန္႔က မီးေလာင္မႈျဖစ္ပြားရာ Level 4အဆင့္ ရွိ မီးသတ္ယာဥ္၄စီးမီးသတ္ေရသယ္ယာဥ္၁၀စီး၊ လူမူကယ္ဆယ္ေရးေရသယ္ယာဥ္၆စီး၊ စည္ပင္ေရသယ္ယာဥ္၄စီး၊ အျပင္ေရသယ္ယာဥ္၆စီး စုစုေပါင္းယာဥ္အစီး၃၀ ေရဂါလံ ၆၀၀၀၀ေက်ာ္ျဖင့္ အခ်ိန္ၾကာျမင့္စြာ ၿငိမ္းသတ္ခဲ့ရၿပီး နံနက္(၅)နာရီတြင္ မီးၿငိမ္းသတ္နိုင္ခဲ့ေၾကာင္း သိရပါသည္။

အဆိုပါ အထက(၉) ေက်ာင္းေဆာင္ မီး ေလာင္မႈျဖစ္ပြားရျခင္းမွာ ဝါယာေရွာ့ေၾကာင့္ ျဖစ္ ေၾကာင္း စုံစမ္းသိရွိရပါသည္။ အဆိုပါ စာသင္ ေက်ာင္းမွာ ၁၈၉၉ ခုႏွစ္ကတည္ေဆာက္ခဲ့ေသာ သက္တမ္း(၁၂၄)ႏွစ္ရွိ ေက်ာင္းေဆာင္ျဖစ္ၿပီး ေဒသခံျပည္သူမ်ား၊ ေက်ာင္းသူ/ ေက်ာင္းသားေဟာင္းမ်ားက ႏွေျမာတသစိတ္မေကာင္းစရာျဖစ္ၾကရေၾကာင္း သတင္းရရွိပါသည္။ #PAN

==================================

သက်တမ်း(၁၂၄)နှစ်ရှိပြီဖြစ်သော မော်လမြိုင်မြို့၊ အထက(၉) သစ်သားကျောင်းဆောင်ကြီး Level 4အဆင့်ရှိ မီးလောင်မှုဖြစ်ပွား

သြဂုတ် ၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၉) သစ်သားကျောင်းဆောင်ကြီးတွင် ယနေ့ နံနက် (၀၀: ၁၅)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ Level 4အဆင့် ရှိ မီးသတ်ယာဉ်၄စီးမီးသတ်ရေသယ်ယာဉ်၁၀စီး၊ လူမူကယ်ဆယ်ရေးရေသယ်ယာဉ်၆စီး၊ စည်ပင်ရေသယ်ယာဉ်၄စီး၊ အပြင်ရေသယ်ယာဉ်၆စီး စုစုပေါင်းယာဥ်အစီး၃၀ ရေဂါလံ ၆၀၀၀၀ကျော်ဖြင့် အချိန်ကြာမြင့်စွာ ငြိမ်းသတ်ခဲ့ရပြီး နံနက်(၅)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ အထက(၉) ကျောင်းဆောင် မီး လောင်မှုဖြစ်ပွားရခြင်းမှာ ဝါယာရှော့ကြောင့် ဖြစ် ကြောင်း စုံစမ်းသိရှိရပါသည်။ အဆိုပါ စာသင် ကျောင်းမှာ ၁၈၉၉ ခုနှစ်ကတည်ဆောက်ခဲ့သော သက်တမ်း(၁၂၄)နှစ်ရှိ ကျောင်းဆောင်ဖြစ်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသူ/ ကျောင်းသားဟောင်းများက နှမြောတသစိတ်မကောင်းစရာဖြစ်ကြရကြောင်း သတင်းရရှိပါသည်။ #PAN