မြန်မာတွင် အလုပ်လုပ်နေသော နိုင်ငံခြားသား လုပ်သားများကို လေးနှစ် သက်တမ်းရှိ Work permit ထုတ်ပေးရေး ဆိုင်ရာဥပဒေ လွှတ်တော်တင်ရန် နောက်ဆုံးအဆင့်ဆွေးနွေး

နိုင်ငံခြားသား အလုပ်သမားဥပဒေပြဋ္ဌာန်းပြီးပါက ရောက်ရှိပြီးနှင့် အသစ်ဝင်ရောက်မည့် နိုင်ငံခြားသား လုပ်သားတို့ကို Work permit ဖြင့် လေးနှစ်သက်တမ်းသာ နေထိုင်အလုပ်လုပ်ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေကို လွှတ်တော်တင်နိုင်ရေးအတွက် ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်မြို့ UMFCCI မှလုပ်ငန်း ရှင်တချို့နှင့် ဥပဒေရေးဆွဲသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့ နောက်ဆုံးအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်

အဆိုပါဥပဒေကို ၂၀၀၈ ခုနှစ် ကတည်းက ပြင်ဆင်ခဲ့ခြင်းဖြစ်ကာ ယခင်အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုအစိုးရအထိ အတည်ပြုပြီးသော်လည်း လွှတ်တော်သို့မတင်နိုင်ခဲ့သည့်အတွက် ယခု အစိုးရလက်ထက်တွင် လွှတ်တော်တွင်တင်ပြနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသားလုပ်သားများသည် MIC ဥပဒေဖြင့်သာ MIC ၏စည်းမျဉ်းစည်းကမ်း တို့ဖြင့် ၀င်ရောက်လုပ်ကိုင် လျက်ရှိကြောင်း၊ ယင်းဥပဒေပြဋ္ဌာန်းပြီးပါက နိုင်ငံခြားသားအလုပ်သမား များ စီမံခန့်ခွဲရေးကော်မတီမှ ထုတ်ပေးသည့် Work permit ဖြင့် ကော်မတီ၏ခွင့်ပြုချက်၊ သတ်မှတ် ချက်စည်းကမ်းများအတိုင်းသာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ဆက်လက်ပြောသည်။

ယခုပြဋ္ဌာန်းမည့် အဆိုပါ ဥပဒေမူကြမ်းတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်း တစ်ခုခုတွင် သက်ဆိုင်ရာ အလုပ်ရှင်နှင့် ချုပ်ဆိုသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် အရ လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရလည်းကောင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး၊ ကာလ ကန့်သတ်ခွင့်ပြုချက်ဖြင့် လာရောက်အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသားကို ဆိုလိုကြောင်း အဓိပ္ပာယ်ဖွင့် ဆိုထားပြီး နိုင်ငံပိုင်(သို့)သမ၀ါယမ ပိုင်(သို့)ပုဂ္ဂလိကပိုင်(သို့)ဖက်စပ်လုပ် ငန်းများ၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် ယင်းတို့၏ ထုတ်လုပ်မှုလုပ်ငန်း၊ ပြင်ဆင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းနှင့်၊ အခြားအသက်မွေး ၀မ်းကျောင်းလုပ်ငန်းတစ်ခုခုကိုဆိုလိုပြီး ယင်းစကားရပ်တို့တွင် အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဖက်စပ်လုပ်ကိုင်သောလုပ်ငန်းများလည်း ပါဝင်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ယင်းကြောင့် ဥပဒေပေါ်ပေါက် လာမည့်အကျိုးကျေးဇူးသည် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သလို နိုင်ငံခြားသားလုပ်သားများ၏လုပ်ခပေါ်တွင် နိုင်ငံတော်ကို အခွန်ပေးဆောင်ရမည်ဖြစ်သည့်အတွက် အစိုးရသည်လည်း နိုင်ငံခြားသားလုပ် သား များအပေါ် သတ်မှတ်ထားသောအခွန်အခကို ရရှိမှာဖြစ်ကြောင်း UMFCCI တွဲဖက် အတွင်းရေးမှူး(၁) ဦးအေး လွင်က ပြောသည်။

‪‎Democracytoday


Leave a Reply