ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ လက္နက္စက္႐ုံမ်ားသို႔ သြားေရာက္လမ္းညႊန္ခ်က္ေပး

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ က နိုင္ငံရဲ့အဓိကလက္နက္စက္႐ုံေတြဆီ သြားေရာက္လည္ပတ္ကာ လမ္းညႊန္ခ်က္မ်ားေပးခဲ့တယ္လို႔ အစိုးရ KCNA သတင္းဌာနက ေျပာၾကားပါတယ္။
ေျမာက္ကိုရီးယားဆီက တိုးျမႇင့္ျဖစ္ေပၚလာတဲ့ၿခိမ္းေျခာက္မႈေတြကို တန္ျပန္ဖို႔အတြက္ ဒီလေႏွာင္းပိုင္းမွာ စစ္ေရးေလ့က်င့္မႈေတြထပ္မံလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ကျပင္ဆင္ေနခ်ိန္မွာပဲ ကင္ဂ်ဳံအန္ က သုံးရက္ဆက္တိုက္ လက္နက္စက္႐ုံကိုသြားေရာက္ခဲ့တာပါ။
႐ုရွားသမၼတပူတင္ က ယူကရိန္းစစ္ပြဲအတြက္ အျခားနိုင္ငံေတြရဲ့ေထာက္ခံမႈကို ရွာေဖြေနခ်ိန္မွာပဲ ကင္ဂ်ဳံအန္ရဲ့ အလည္အပတ္က ေျမာက္ကိုရီးယားရဲ့လက္နက္ႀကီးနဲ႔ အျခားလက္နက္ခဲယမ္းေတြေထာက္ပံ့မႈနဲ႔ ဆက္ႏြယ္ဖြယ္ ရွိတယ္လို႔ ကၽြမ္းက်င္သူတခ်ိဳ႕က ယူဆေနေၾကာင္း ေအပီသတင္းက ေဖာ္ျပပါတယ္။
စြမ္းေဆာင္ရည္ျမင့္ လက္နက္ႀကီးစနစ္ေတြထုတ္လုပ္တဲ့ စက္႐ုံဆီလည္ပတ္ခ်ိန္မွာ စက္႐ုံ ရဲ့ အေရးႀကီးတဲ့ တာဝန္ဝတၱရားေတြ နဲ႔ စစ္ပြဲအတြက္ အသင့္ျဖစ္ေအာင္ လုပ္ေဆာင္မႈကအေရးပါေၾကာင္း ကင္ဂ်ဳံအန္ က ေျပာၾကားခဲ့ေၾကာင္း KCNA က ေျပာၾကားပါတယ္။
က်ည္ဆံအခြံေတြကို ထုတ္လုပ္ရာမွာ သိပၸံနည္းက် ဆန္းသစ္တဲ့ နည္းပညာေတြကို အသုံးျပဳဖို႔ ႀကိဳးစားေနတဲ့ စက္႐ုံရဲ့ အားထုတ္မႈေတြကို ကင္ဂ်ဳံအန္ က ခ်ီးက်ဴးၿပီး က်ည္ဆံအခြံအမ်ိဳးအစားသစ္ေတြ ထုတ္လုပ္ဖို႔ လိုအပ္ေၾကာင္းလည္း သူက လမ္းညႊန္ေျပာၾကားပါတယ္။
ပဲ့ထိန္းဒုံးက်ည္ေတြကို သယ္ေဆာင္ပစ္လႊတ္တဲ့ ေလာင္ခ်ာထရပ္ကားေတြ ထုတ္လုပ္တဲ့ စက္႐ုံကိုလည္း ကင္ဂ်ဳံအန္ က လည္ပတ္ခဲ့ကာ ဒီလိုထရပ္ကားေတြ ေထာက္ပံ့ေပးေရးက စစ္ဘက္အတြက္ ထိပ္တန္းဦးစားေပး ျဖစ္ေၾကာင္းနဲ႔ ထုတ္လုပ္မႈလုပ္ငန္းစဥ္အတြက္ ခိုင္မာတဲ့ အေျခခံေတြတည္ေဆာက္နိုင္တာကိုလည္း သူက ခ်ီးက်ဴး ေျပာၾကားပါတယ္။ -Ref: AP/ac

==================================

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လက်နက်စက်ရုံများသို့ သွားရောက်လမ်းညွှန်ချက်ပေး

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က နိုင်ငံရဲ့အဓိကလက်နက်စက်ရုံတွေဆီ သွားရောက်လည်ပတ်ကာ လမ်းညွှန်ချက်များပေးခဲ့တယ်လို့ အစိုးရ KCNA သတင်းဌာနက ပြောကြားပါတယ်။

မြောက်ကိုရီးယားဆီက တိုးမြှင့်ဖြစ်ပေါ်လာတဲ့ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ဒီလနှောင်းပိုင်းမှာ စစ်ရေးလေ့ကျင့်မှုတွေထပ်မံလုပ်ဆောင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကပြင်ဆင်နေချိန်မှာပဲ ကင်ဂျုံအန် က သုံးရက်ဆက်တိုက် လက်နက်စက်ရုံကိုသွားရောက်ခဲ့တာပါ။

ရုရှားသမ္မတပူတင် က ယူကရိန်းစစ်ပွဲအတွက် အခြားနိုင်ငံတွေရဲ့ထောက်ခံမှုကို ရှာဖွေနေချိန်မှာပဲ ကင်ဂျုံအန်ရဲ့ အလည်အပတ်က မြောက်ကိုရီးယားရဲ့လက်နက်ကြီးနဲ့ အခြားလက်နက်ခဲယမ်းတွေထောက်ပံ့မှုနဲ့ ဆက်နွယ်ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတချို့က ယူဆနေကြောင်း အေပီသတင်းက ဖော်ပြပါတယ်။

စွမ်းဆောင်ရည်မြင့် လက်နက်ကြီးစနစ်တွေထုတ်လုပ်တဲ့ စက်ရုံဆီလည်ပတ်ချိန်မှာ စက်ရုံ ရဲ့ အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေ နဲ့ စစ်ပွဲအတွက် အသင့်ဖြစ်အောင် လုပ်ဆောင်မှုကအရေးပါကြောင်း ကင်ဂျုံအန် က ပြောကြားခဲ့ကြောင်း KCNA က ပြောကြားပါတယ်။

ကျည်ဆံအခွံတွေကို ထုတ်လုပ်ရာမှာ သိပ္ပံနည်းကျ ဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးပြုဖို့ ကြိုးစားနေတဲ့ စက်ရုံရဲ့ အားထုတ်မှုတွေကို ကင်ဂျုံအန် က ချီးကျူးပြီး ကျည်ဆံအခွံအမျိုးအစားသစ်တွေ ထုတ်လုပ်ဖို့ လိုအပ်ကြောင်းလည်း သူက လမ်းညွှန်ပြောကြားပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေကို သယ်ဆောင်ပစ်လွှတ်တဲ့ လောင်ချာထရပ်ကားတွေ ထုတ်လုပ်တဲ့ စက်ရုံကိုလည်း ကင်ဂျုံအန် က လည်ပတ်ခဲ့ကာ ဒီလိုထရပ်ကားတွေ ထောက်ပံ့ပေးရေးက စစ်ဘက်အတွက် ထိပ်တန်းဦးစားပေး ဖြစ်ကြောင်းနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် ခိုင်မာတဲ့ အခြေခံတွေတည်ဆောက်နိုင်တာကိုလည်း သူက ချီးကျူး ပြောကြားပါတယ်။ -Ref: AP/ac