အစၥေရးနိုင္ငံေလတပ္၏ ဆီးရီးယားနိုင္ငံအေပၚ ပိုမို ျပင္းထန္လာေသာ ေလေၾကာင္း တိုက္ခိုက္ မႈမ်ားေၾကာင့္ ဆီးရီးယား စစ္သည္ ၄ဦးေသ ဆုံးခဲ့ရၿပီး ၄ဦးဒဏ္ ရာမ်ား ရရွိခဲ့

ၾသဂုတ္ ၇

ဆီးရီးယားနိုင္ငံ ဒမတ္စကတ္ၿမိဳ႕ျပင္တြင္ အစၥေရးေလတပ္က ပစ္ခတ္မႈေၾကာင့္ ဆီးရီးယားစစ္သား ၄ ဦးထိ ေသဆုံးၿပီး အျခား ၄ ဦး ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ဆီးရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက၏ ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားပါတယ္။

ဆီးရီးယားနိုင္ငံ၏ ႐ုပ္သံ တီဗီ ခ်န္နယ္ တစ္ခုျဖစ္သည့္ Al-Ikhbariya တြင္ အေစာပိုင္းအခ်ိန္က နိုင္ငံ၏ ေလေၾကာင္း ရန္ကာကြယ္ေရးတပ္ဖြဲ႕မ်ားသည္ ဒမတ္စကတ္ အနီးတစ္ဝိုက္တြင္ အစၥေရးနိုင္ငံ၏ ေလေၾကာင္း တိုက္ခိုက္မႈကို ေခ်မႈန္းနိုင္ခဲ့ေၾကာင္း ေဖာ္ျပထားၾကပါတယ္။

ဆီးရီးယားကာကြယ္ေရးဝန္ႀကီးဌာန၏အဆိုအရ အစၥေရးနိုင္ငံ ေလတပ္သည္ ယေန႔ ၾသဂုတ္လ ၇ရက္ တနလၤာေန႔နံနက္ပိုင္းက “က်ေနာ္တို႔၏ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားသည္ ရန္လိုသူ၏ဒုံးက်ည္မ်ားကို ၾကားျဖတ္ ပစ္ခတ္ခဲ့ၿပီး အခ်ိဳ႕ကိုပစ္ခ်နိုင္ခဲ့ပါတယ္။ အဆိုပါ(တိုက္ခိုက္မႈ)ေၾကာင့္ တပ္မေတာ္သား၄ဦး ေသဆုံးၿပီး ေလးဦး ဒဏ္ရာရရွိကာ နိုင္ငံပိုင္ ပစၥည္းမ်ား ပ်က္စီးသြားေၾကာင္း ထုတ္ျပန္ခ်က္ တြင္ေဖာ္ျပထားပါတယ္။

=====================================

အစ္စရေးနိုင်ငံလေတပ်၏ ဆီးရီးယားနိုင်ငံအပေါ် ပိုမို ပြင်းထန်လာသော လေကြောင်း တိုက်ခိုက် မှုများကြောင့် ဆီးရီးယား စစ်သည် ၄ဦးသေ ဆုံးခဲ့ရပြီး ၄ဦးဒဏ် ရာများ ရရှိခဲ့

သြဂုတ် ၇

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ပြင်တွင် အစ္စရေးလေတပ်က ပစ်ခတ်မှုကြောင့် ဆီးရီးယားစစ်သား ၄ ဦးထိ သေဆုံးပြီး အခြား ၄ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံ၏ ရုပ်သံ တီဗီ ချန်နယ် တစ်ခုဖြစ်သည့် Al-Ikhbariya တွင် အစောပိုင်းအချိန်က နိုင်ငံ၏ လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ဒမတ်စကတ် အနီးတစ်ဝိုက်တွင် အစ္စရေးနိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုကို ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြထားကြပါတယ်။

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ အစ္စရေးနိုင်ငံ လေတပ်သည် ယနေ့ သြဂုတ်လ ၇ရက် တနင်္လာနေ့နံနက်ပိုင်းက “ကျနော်တို့၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ရန်လိုသူ၏ဒုံးကျည်များကို ကြားဖြတ် ပစ်ခတ်ခဲ့ပြီး အချို့ကိုပစ်ချနိုင်ခဲ့ပါတယ်။ အဆိုပါ(တိုက်ခိုက်မှု)ကြောင့် တပ်မတော်သား၄ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ နိုင်ငံပိုင် ပစ္စည်းများ ပျက်စီးသွားကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားပါတယ်။