အေရွ႕ေတာင္အရွနိုင္ငံမ်ားအသင္း မွ လူဝင္မႈႀကီးၾကပ္ေရး အဆင့္ျမင့္ အရာရွိမ်ား ပါဝင္ေသာ အာဆီယံနိုင္ငံမ်ားဆိုင္ရာ ေဒသျဖတ္ေက်ာ္ မႈခင္းမ်ားကို ေျဖရွင္း မႈမ်ားျပဳလုပ္သြားနိုင္ရန္ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ားျပဳလုပ္သြားဖြယ္ရွိေန

ၾသဂုတ္ ၄
အေရွ႕ေတာင္အာရွနိုင္ငံမ်ားအသင္း (အာဆီယံ) မွ အဆင့္ျမင့္ လူဝင္မႈႀကီးၾကပ္ေရး အရာရွိမ်ားသည္ အာဆီယံ ေဒသတြင္း ျဖတ္ေက်ာ္မႈခင္းမ်ားကို ေျဖရွင္းမႈမ်ား ျပဳလုပ္သြားနိုင္ရန္အတြက္ ယခု လာမည့္ သီတင္းပတ္အတြင္း ဖူးခက္တြင္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္သြားၾကရန္ ေမၽွာ္လင့္ထားၿပီး တ႐ုတ္နိုင္ငံ၊ ဂ်ပန္နိုင္ငံ၊ ေတာင္ကိုရီးယားနိုင္ငံ ႏွင့္ ၾသစေၾတးလ်နိုင္ငံ တို႔မွ အဆင့္ျမင့္ အရာရွိ ကိုယ္စားလွယ္ မ်ား လည္း တက္ေရာက္သြားၾကမွာျဖစ္ပါတယ္။

ထိုင္းနိုင္ငံ ေတာ္ဝင္ရဲတပ္ဖြဲ႕ Royal Thai Police (RTP) ႏွင့္ လူဝင္မႈႀကီးၾကပ္ ေရးဗ်ဴရို (IB) တို႔သည္ ၂၆ ႀကိမ္ေျမာက္ အာဆီယံ လူဝင္မႈႀကီးၾကပ္ေရးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေကာင္စစ္ဝန္မ်ား အစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္ ျဖစ္ေၾကာင္း ထိုင္းနိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး ဗ်ဴရို၏ ေကာ္မရွင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး Pakphumpipat Sajjaphan က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လာမည့္ ၾသဂုတ္ ၇ ရက္မွ ၁၁ ရက္အထိ ထိုင္းနိုင္ငံ၏ အမ်ိဳးသားလုံျခဳံေရးႏွင့္ အာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားအား အခ်င္းခ်င္း နိုင္ငံျဖတ္ေက်ာ္ ရာဇ၀တ္မႈမ်ား ႏွိမ္နင္း နိုင္ေရး ဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးသြား မည္ျဖစ္ေၾကာင္း ဗိုလ္မႉးႀကီး ပတ္ဖြမ္ပီပတ္က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

၁၉၉၆ ခုႏွစ္တြင္ စတင္ခဲ့ေသာ အာဆီယံဆိုင္ရာ Directors-General of Immigration Departments DGICM ကို အာဆီယံအဖြဲ႕ဝင္ ၁၀ နိုင္ငံမွ ပုံမွန္တက္ ေရာက္ခဲ့ၿပီး Timor-Lesteအဖြဲ႕အစည္း မွ ေစာင့္ၾကည့္ေလ့လာမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲကို အာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားက အလွည့္က် လက္ခံက်င္းပေနၾကတာျဖစ္ၿပီး ယခုႏွစ္အတြက္ ထိုင္းနိုင္ငံကိုယ္စားျပဳ IB ႏွင့္ RTP တို႔က အစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပ ေပးသြားမည္ျဖစ္ၿပီး တက္ေရာက္သူမ်ားမွ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးသြားၾကမွာလည္းျဖစ္ပါတယ္။

======================================

အရှေ့တောင်အရှနိုင်ငံများအသင်း မှ လူဝင်မှုကြီးကြပ်ရေး အဆင့်မြင့် အရာရှိများ ပါဝင်သော အာဆီယံနိုင်ငံများဆိုင်ရာ ဒေသဖြတ်ကျော် မှုခင်းများကို ဖြေရှင်း မှုများပြုလုပ်သွားနိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားဖွယ်ရှိနေ

သြဂုတ် ၄
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ အဆင့်မြင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် အာဆီယံ ဒေသတွင်း ဖြတ်ကျော်မှုခင်းများကို ဖြေရှင်းမှုများ ပြုလုပ်သွားနိုင်ရန်အတွက် ယခု လာမည့် သီတင်းပတ်အတွင်း ဖူးခက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားကြရန် မျှော်လင့်ထားပြီး တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံ တို့မှ အဆင့်မြင့် အရာရှိ ကိုယ်စားလှယ် များ လည်း တက်ရောက်သွားကြမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ Royal Thai Police (RTP) နှင့် လူဝင်မှုကြီးကြပ် ရေးဗျူရို (IB) တို့သည် ၂၆ ကြိမ်မြောက် အာဆီယံ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်များ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗျူရို၏ ကော်မရှင် ဒုတိယ ဗိုလ်ချုပ်ကြီး Pakphumpipat Sajjaphan က ပြောကြားခဲ့တာဖြစ်ပါတယ်။

လာမည့် သြဂုတ် ၇ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အချင်းချင်း နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ နှိမ်နင်း နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ပတ်ဖွမ်ပီပတ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သော အာဆီယံဆိုင်ရာ Directors-General of Immigration Departments DGICM ကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ပုံမှန်တက် ရောက်ခဲ့ပြီး Timor-Lesteအဖွဲ့အစည်း မှ စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ လက်ခံကျင်းပနေကြတာဖြစ်ပြီး ယခုနှစ်အတွက် ထိုင်းနိုင်ငံကိုယ်စားပြု IB နှင့် RTP တို့က အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးသွားမည်ဖြစ်ပြီး တက်ရောက်သူများမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားကြမှာလည်းဖြစ်ပါတယ်။