အိန္ဒိယတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာ သွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ဟိမဝန္တာတောင်ခြေအနီးတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၁၅ ဦးထက်မနည်းသေ ဆုံးခဲ့သည်ဟု အာဏာပိုင်များက သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ၏ ဖောက်ပြန်သည့် မုတ်သုံရာသီကာလအတွင်း နိုင်ငံအနှံ့တွင် ရေကြီးမှုများနှင့် မြေပြိုမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အလွန်ဆိုးရွား သည့် မိုးလေဝသအခြေအနေများသည် မ ကြာခဏ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားခဲ့သည်။

ရေကြီးမှု များဖြစ်ပွားခဲ့သည့် ဟီမာချယ် ပရာဒေ့ရှ် ပြည် နယ်၏ မန်ဒီခရိုင်တွင် လူရှစ်ဦးသေဆုံးခဲ့သ ဖြင့် ကယ်ဆယ်ရေးအရာရှိများသည် ယင်း ဒေသသို့ အလျင်အမြန်သွားခဲ့ရောက်သည်ဟု အစိုးရက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ ပြင် ယင်းပြည်နယ်၏ နေရာအချို့တွင် မြေပြို မှုများနှင့် ရေကြီးမှုများကြောင့် နောက်ထပ် လူ ခုနစ်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

ဇွန်လအတွင်းကလည်း  အိန္ဒိယ၏ လူသူအရောက်အပေါက်နည်း သည့်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးများ သည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မဏိပူရ ပြည်နယ်ရှိ မီးရထားလမ်းဖောက်လုပ်ရေး လုပ်သားများနှင့် အရန်စစ်မှုထမ်းများ၏ စ ခန်းတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၄၀ နီးပါး သေဆုံးခဲ့သည်။

-Ref:AFP