မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၃၆ ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာ

ကိုရီးယားနိုင်ငံရှိ Hyundai MIPO Dockyard တွင် လုပ်ကိုင်မည့် မြန်မာကျွမ်းကျင်ဂဟေလုပ်သား (၃၆) ဦးသည် မတ် ၂၁ ရက်တွင် ထပ်မံရောက်ရှိလာခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာကျွမ်းကျင်ဂဟေလုပ်သားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှအလုပ်သမားသံအရာရှိက ကြိုဆို၍ လိုအပ်သည် များကို ကူညီပံ့ပိုးပေးခဲ့သည်။

ကိုရီးယားနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် မြန်မာအလုပ်သမားများအား ကျွမ်းကျင်ဂဟေ လုပ်သားများ အဖြစ် E-7-3 ဗီဇာဖြင့် စေလွှတ်လျက်ရှိရာ မတ် ၁၇ ရက်က (၃၃)ဦး၊ မတ် ၁၂ ရက်က (၁၇)ဦးတို့အား စေလွှတ်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၈၆ ဦးသည် ကိုရီးယားနိုင်ငံရှိ Samsung Heavy Industries တွင်အလုပ်လုပ်ကိုင်ရန် E-7-3 ဗီဇာဖြင့်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။