သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၃၀ ကျော် FDA Myanmar ထုတ်ပြန်

ပြည်တွင်း၌သုံးစွဲရန်မသင့်သည့်အလှကုန်ပစ္စည်း ၃၀ ကျော်ကို မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA Myanmar က မတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါတားမြစ်ခံရသည့်အလှကုန်ပစ္စည်းများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံမှ အလှကုန်ပစ္စည်းများဖြစ်ပြီး အရေးပြားပေါ်တွင် လိမ်းသည့်ခရင်မ်များ၊ ဆိုးဆေးများပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ယင်းအလှကုန်ပစ္စည်းများတွင် Mercury ပါဝင်ခြင်း၊ Hydroquinone ပါဝင်ခြင်း၊ Presence of Microorganisms ပါဝင်ခြင်း၊ Contains a prohibited ingredient (Human Fibroblast Conditioned Media) in Cometics ၊ Hydroquinone and Tretionoin ပါဝင်ခြင်းနှင့် တားမြစ်ပစ္စည်းများပါဝင်ကြောင်း ဆက်လက်ဖော်ပြထားသည်။

တားမြစ်ခံရသည့်အလှကုန်ပစ္စည်းများထဲတွင် မလေးရှာနိုင်ငံမှထုတ်လုပ်သည့်အလှကုန်ပစ္စည်း ၁၆ မျိုးအထိရှိပြီး ထိုင်းနိုင်ငံမှအလှကုန် ၁၂ မျိုး၊ စင်ကာပူနိုင်ငံမှအလှကုန်သုံးမျိုး၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ အလှကုန် တစ်မျိုးစီ တားမြစ်ကြောင်း FDA Myanmar ထံမှသိရသည်။ FDA Myanmar