ကိုဗစ်(၁၉)ကူးစက်မှု ပြန်လည်ဖြစ်ပွားနေ၍ ရန်ကုန်မျက်စိဆေးရုံ လူနာကုသမှု ကန့်သတ်

ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုများ ပြန်လည် ဖြစ်ပွားနေ၍ ရန်ကုန်မျက်စိရောဂါ အထူးကု ဆေးရုံကြီးမှ လူနာများကုသမှုကို ကန့်သတ်လိုက်ကြောင်း သိရသည်။ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ အွန်လိုင်းဘိုကင် ယူထားသူများပြန်ပြရန် ရက်ချိန်း ပေးထားသော လူနာများနှင့် အရေးပေါ်လူနာများသာ လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အွန်လိုင်းဘိုကင် မရသူများအနေဖြင့် ဖုန်း ၀၉-၄၀၈၆၀၉၉၇၇ သို့ ရုံးဖွင့်ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်(၁၉) ဗီဇပြောင်း အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5 သည် ကမ္ဘာတစ်ဝန်းတွင် ကူးစက်မှုများ ပြန်လည် မြင့်တက်နေပြီး မြန်မာနိုင်ငံတွင်လည်း ပြည်ပပြန်များမှ အဆိုပါမျိုးကွဲ ခြောက်ဦးတွေ့ရှိထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။လက်ရှိတွင် ပြည်တွင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်သော ကိုဗစ်(၁၉)ရောဂါပိုး လူနာသစ် တွေ့ရှိမှုများ ၁၀ ဦးအထက်သို့ ပြန်လည်မြင့်တက်လာပြီး အထူးသဖြင့် ပြည်ပပြန်များ၌ ရောဂါပိုးတွေ့ရှိမှု ပိုများကြောင်း သိရသည်။   sdtimedaily