အာဆီယံချန်ပီယံရှစ် တတိယဆုရ မြန်မာ့လက် ရွေးစင်အမျိုးသမီးအသင်းဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀၀ ချီးမြှင့်ခံရ

ဖီလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်တွင် တတိယဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအား MFF အမျိုးသမီးဘောလုံးကော်မတီမှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀၀ ကို ဇူလိုင် ၂၀ ရက်ကပေး အပ်ချီးမြှင့်ခဲ့သည်။တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း၏ အုပ်ချုပ်သူဒေါ်မြတ်မြတ်ဦးမှ  ပြိုင်ပွဲအတွင်း ကြုံတွေ့ခဲ့သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကိုကိုဌေးမှလည်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တတိယဆုရရှိခဲ့သည့်အပေါ် ဝမ်းသာပီ တိစကားနှင့်အားပေးစကားများပြောကြားခဲ့သည်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်  ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်၏ တတိယနေရာလုပွဲ၌ ဗီယက်နမ်အမျိုးသမီးအသင်းအား ၄ ဂိုး ၃ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။ (MFF)