အောင်မြေသာစံ မြို့နယ်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရမှု  မတ်လ၂၂ ရက် ယနေ့နံနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၊ ရလမ်းနှင့် ၈လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင်  အမရဌာနီအရှေ့ရပ်ကွက်၊ ရာအိမ်မှူးများဖြစ်ကြသော  ဦးစိုးနိုင်နှင့် ဦးဝင်းကိုတို့ နှစ်ဦးသည် လက်ဖက်ရည် ထိုင်သောက်နေကြရာ အမည်မသိလူငယ် သုံးဦးခန့်မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ ရာအိမ်မှူးနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် တစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာမူ စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတွင်ကုသမှု ခံယူနေရကြောင်း စုံစမ်းသိရှိရသည်။