ပါတီဝင်များဖြင့် ကွင်းဆင်းတွေ့ဆုံခြင်း

တာချီလိတ် မတ် ၁၃

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ပါတီဥက္ကဌ(ယာယီ)ဦးကျော်ငြိမ်းအောင်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုးကျော်အောင် သည် မြို့နယ်ပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ၊ မြို့နယ်ပါတီရုံးဝန်ထမ်းများ နှင့်အတူ မိုင်းကိုးအုပ်စုစည်းရုံးရေးတာဝန်ခံ ဦးကျဒေါလော် တို့ဖြင့် မိုင်းကိုးအုပ်စု၊ မယ်ဖုံးလုံကျေးရွာမှ ပါတီဝင်များဖြင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးတိုင်ပင်ခြင်း၊ PR စနစ် အကြောင်းအား ပါတီဝင်များ သိရှိနားလည်စေရန် ရှင်းလင်း ပြောကြားပေးခြင်း၊ ပါတီဝင်အင်အားစီစစ်ခြင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံညှိနိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။