ရေတာရှည်ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ပါတီနှစ်စဉ်ကြေး ကျပ် (၁၅) သိန်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

 

(၁၅-၃-၂၀၁၇) ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပထမအကြိမ် ပါတီဝင်နှစ်စဉ်ကြေး ကျပ်(၁၅)သိန်း ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ တောင်ငူခရိုင်ပါတီ ဥက္ကဋ္ဌ ဦးတင်စိုး က ခရိုင်(၆)မြို့နယ်တွင် ရေတာရှည်မြို့နယ်က ငွေကြေးအများဆုံးဖြင့် ပထမဆုံး အခမ်းအနားကြီးဖြစ် ကြောင်း၊ ရပ်ကျေးစည်းရုံးရေးမှူးများ၏ လုပ်ဆောင်နိုင်မှု နယ်မြေတာဝန်ခံ မြို့နယ် ကော်မတီဝင်များ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌတို့၏ ဦးဆောင်နိုင်စွမ်း တို့ကို ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရှိနေသော ပါတီဝင်များကိုလည်း စိစစ်ပြီး နှစ်စဉ်ကြေးများ ဆက်လက် ကောက်ခံသွားရေး ပြောကြားခဲ့ပါသည်။

မြို့နယ်ကော်မတီဝင် စည်းရုံးရေးရာ တာဝန်ခံ ဦးတင်ထွန်းက နှစ်စဉ်ကြေး ကောက်ခံရရှိငွေ ကျပ် (၁၅)သိန်းကို မြို့နယ် အတွင်းရေးမှူး ဦးစိုးသီဟ သို့ ပေးအပ်ခဲ့ပါသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌက အခမ်းအနားဖြစ်မြောက်ရေးအတွက် စီစဉ် ဆောင်ရွက်ခဲ့ကြသူများ ၊ ရပ်ကျေးပါတီ စည်းရုံးရေးမှူးများ ပါတီခေါင်းဆောင် များကို အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ဒုတိယအကြိမ် တတိယအကြိမ်များစွာ ပေးအပ်ပွဲပြုလုပ် နိုင်ရေးတို့အတွက် လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Usdp Yedashe