ဒလပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီကပြုလုပ်သည့် ဒလမြို့နယ် ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ သူရိယမုနိကြေးသွန်းဘုရားကြီး၏ (၉၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူး ပြုသောသံဃာတော် ၆၄ ပါးတို့အား ငွေကျပ် ၁၅ဝဝဝဝ တန်ဖိုးရှိ ဆွမ်းဆန်တော်များနှင့်အခြားဝတ္ထုပစ္စည်းများကို ပါဝင်လောင်းလှူ ခဲ့ကြောင်း သိရသည်။

သူရအောင်(ပျော်ဘွယ်ကြီး)