မြ၀တီမြို့နယ်ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ရေး ကျင်းပ

13466377_253179031715954_1617756470529641402_n

 

မြ၀တီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီ ကော်မတီ ပြန်လည်ရွေးချယ်ရေးအခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့က မြို့နယ်ပါတီရုံး၌ ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် သူရဦးမြင့်မောင် တက်ရောက်၍ သြ၀ါဒစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဗဟိုကော်မတီဝင် ဦးစန်းကို အရံဗဟိုကော်မတီဝင် ဦးသန်းဦး၊ ပြည်နယ်လွှတ်တော ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ဦးစောထူးကပေါ်၊ ကော့ကရိတ်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်သိန်းဝင်း နှင့် ကော့ကရိတ်ခရိုင်ကော်မတီဝင်များ၊ နာယကဦးစောအေးမြိုင်၊ မြ၀တီမြို့နယ်ပါတီကော်မတီဝင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိ ဦးစောအယ်ဝါးမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဦးမှ မြို့နယ်ပါတီကော်မတီ ရွေးချယ်ခံအမည်စာရင်း တင်သွင်းပြီး တက်ရောက်လာကြသော ပါတီဝင်များမှဆန္ဒပြု ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

Credit – U Myint Oo


Leave a Reply