ပြည်ခိုင်ဖြိုးပါတီ (ဗဟို) ဥက္ကဌ နှင့် အဖွဲ့တာချီလိတ်မှ ပြန်လည်ထွက်ခွာခြင်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီ (ဗဟို) ဥက္ကဌ ဦးသန်းဌေး နှင့် ပါတီအကြီးအကဲများသည် ( ၁၅ – ၃.- ၂၀၁၇ )ရက်နေ့၊ ညနေ (၄) နာရီတွင် (YA) လေကြောင်းခရီးစဉ်ဖြင့် ဦးစပ်ဝ်အောင်မြတ် (ဗဟို)
အတိုင်ပင်ခံ၊ ဦးစိုင်းသန်းဝင်း (ရှမ်းပြည်နယ်) ပါတီဥက္ကဌ ၊ ဒေါက်တာ နန္ဒာလှမြင့် တို့သည် တာချီလိတ် မှ ဟဲဟိုးလေကြောင်းခရီးစဉ်ဖြင့် လည်းကောင်း၊ ( ဗဟို ) ပါတီ ဥက္ကဌ ဦးသန်းဌေး ၊ ပါတီအထွေထွေ အတွင်း ရေးမှူး ဦးသက်နိုင်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် နှင်အဖွဲ့သည် အဲယားမန်းလေကြောင်းခရီးစဉ်ဖြင့်.ညနေ ( ၄: ၃၀ ) အချိန်တွင် တာချီလိတ် မှ ရန်ကုန်ခရီးစဉ်များဖြင့် အသီးသီး ပြန်လည်ထွက်ခွာသွားကြပါသည်။

တာချီလိတ်လေဆိပ်သို့ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး ဒေါ်တင်မေထွန်း နှင့် တာချီလိတ် ခရိုင်/ မြို့နယ် ပါတီအဖွဲ့များက လိုက်ပါပို့ဆောင် ခဲ့ကြပါသည်။

ပါတီဥက္ကဌ နှင့် ပါတီအကြီးအကဲများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့သို့ (၁၃ – ၃ – ၂၀၁၇ ) ရင်နေ့ တွင်ရောက်ရှိခဲ့ပြီး ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့များမှ မြို့မိ – မြို့ဖများ၊ အရပ်ဘက်အဖွဲ့များ ရှမ်း ( အရှေ့ ) ပြည်နယ် ၊ခရိုင် ၊ မြို့နယ်အသီးသီးမှ ပါတီဝင်များဖြင့်တွေ့ဆုံခြင်း များ ဆောင်ရွက်ခဲ့ပြီး ( ၁၅ -၃ – ၂၀၁၇ ) တွင် တာချီလိတ်မှ ပြန်လည် ထွက်ခွာသွားတာဖြစ်ကြောင်း သတင်းရရှိပါသည်။

Myo Thant