ကျေးရွာပေါင်းစုံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ပထမဆုနှင့် ဆုဖလားများ ပုဏ္ဏားကျွန်းပြည်ခိုင်ဖြိုး ချီးမြှင့်

 

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်အုပ်စု၊ ပိုးရွှီပြင်ကျေးရွာ၌ ကျးရွာပေါင်းစုံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မတ်လ ၃ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ အသင်းပေါင်း ၅၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုရရှိခဲ့သော သာစည်ကျေးရွာအသင်းအား ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆုတော်ငွေများနှင့် ဆုဖလားများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဆုအတွက် ချီးမြှင့်ငွေ နှစ်သိန်းကျပ်အပြင် ဆုဖလားအား စစ်တွေခရိုင် ပါတီကော်မတီဝင် ဦးသာထွန်းအေး (မြို့နယ်တာဝန်ခံ)နှင့် ပုဏ္ဏားကျွန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းတို့မှ ငွေကျပ် ( ၂၀၀၀၀၀ /-) နှစ်သိန်းနှင့်အတူ ဆုဖလားအား ချီးမြှင့်ခဲ့ရာ မြို့နယ်ကော်မတီဝင် ဦးဇော်ဦးမောင် (ပိုးရွှီပြင်နယ်မြေတာဝန်ခံ) က ပါတီကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့သည်။

USDP(PNG)