ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှင်းလင်းဆွေးနွေး

 

ရေနံချောင်း မတ် ၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ပြင်ဆင်ရေးဆိုင်ရာသိကောင်း စရာများရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေနံချောင်းမြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။ရှေးဦးစွာ နိုင်ငံတော်သီချင်း သီဆိုပြီး အခမ်းအနားအစီအစဉ်အရ ရေနံချောင်း မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဝင်းကမြို့နယ်ဆိုင်ရာစည်းရုံးရေး ဆောင် ရွက်ချက်များကိုလည်းကောင်း၊ပြည်ခိုင်ဖြိုး ပါတီဗဟို အလုပ်အမှုဆောင် မကွေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်ဌေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစော ဝင်းမောင်က အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးပြီး တိုင်းဒေသကြီးပါတီ တာဝန်ရှိသူက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်ဌေး၊ တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်၊ တိုင်းဒေသ ကြီးကော်မတီဝင် ဦးဟန်မောင်နှင့် မြို့နယ် ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဝင်း၊ အတွင်းရေး မှူးဦးဝင်းတင်နှင့် ပါတီအလုပ်အမှုဆောင် များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေညာသား(ရေနံချောင်း)