ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၁ ဧပြီ၂၀၁၈

ဂန့်ဂေါခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ (၄) လပတ်လုပ်ငန်းညှိ့နှိုင်းဆွေးနွေးပွဲကို ထီးလင်းမြို့နယ်ပါတီရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးတွင် မကွေးတိုင်းပါတီကော်မတီဝင် ဂန့်ဂေါခရိုင်တာဝန်ခံ ဦးဝင်းမြင့်မောင်၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းဆွေ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးခင်မောင်ချိုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ဂန့်ဂေါမြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် မြို့နယ်ကော်မတီဝင်များ၊ ထီးလင်းမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဌေးနှင့် ပါတီကော်မတီဝင်များ၊ ဆောမြို့နယ် ပါတီဘဏ္ဍာရေးမှူး ဦးသောင်းဝင်းနှင့် ပါတီကော်မတီဝင်များ အပြင် ခရိုင်မြို့နယ်များမှရုံးအဖွဲ့မှူးများ တက်ရောက်ကြပါသည်။ ၎င်းအစည်းအဝေးတွင် မကွေးတိုင်းပါတီကော်မတီဝင် ဂန့်ဂေါခရိုင်တာဝန်ခံ ဦးဝင်းမြင့်မောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အသီးသီးမှ တောင်သူလယ်သမားရေားရာ ၊ အမျိုးသမီးရေးရာ၊ အလုပ်သမားရေးရာနှင့် လူငယ်ရေးရာ ကော်မတီများမှတင်ပြလာသည်များကို ခရိုင်ဥက္ကဌ နှင့် သက်ဆိုင်ရာ ရေးရာခရိုင်ကော်မတီ အသီးအသီးမှ ပြန်လည်ရှင်းလင်းပြောကြားခြင်း ၂၀၂၀ ပါတီအောင်နိုင်ရေးအတွက် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။ ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် ဦးဝင်းမြင့်မောင်မှ မှာကြား ပြီးအစည်းအဝေးကို နေ့လည် ၁ နာရီတွင်ပြီးဆုံးကြောင်းသိရပါသည်။

ဂန့်ဂေါခရိုင်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီ