ကျိုက်ထို မြို့နယ်‌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

(၃၀-၃ -၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ) နာရီ အချိန် မွန်ပြည်နယ် သထုံ ခရိုင် ကျိုက်ထို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ကျိုက်ထိုမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုး ပါတီ တာဝန်အဆင့်ဆင့်ရှိသူများက နိုင်ငံတော်အလံ အား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့်အခမ်း အနား ကိုဖွင့်လှစ်ပါသည်။
ယင်းနောက် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး မှ အမှာစကားပြောကြားသွားပါသည်။
ဆက်လက်ပြီး ပြည်နယ် ပါတီ ကော်မတီဝင် ဦးဌေးလွင် မှ ရှေ့လုပ်ငန်းစဉ် များ ပြောကြားခြင်း၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ပါတီ ဥက္ကဌ ဦးဇေယျာဦး (စည်းရုံးရေး တာဝန်ခံ)မှ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဌများကို တာဝန်ပေးအပ်ရခြင်းအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မှ ပြည်ခိုင်ဖြိုး တာဝန်ပေးအပ်ခြင်းခံရ သော ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဌများအား တာဝန်ခန့်အပ်လွှာ ပေးအပ်သွားပါသည်။ ပြီးနောက်တာဝန်ပေးအပ်ခြင်း ခံရသော ရပ်ကွက်/ကျေးရွာ အုပ်စုပါတီ ဥက္ကဌများ ကတိသစ္စာခံ ယူပါသည်။
ထို့နောက် ကျိုက်ထိုမြို့နယ် ရပ်ကွက်/ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌများကိုယ်စား ဦးနန်ထွန်းဦး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ယနေ့ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ပြည်နယ်ကော်မတီဝင် ဦးဌေးလွင် ၊ခရိုင် ဥက္ကဌ ဦးကျော်မြင့်၊ခရိုင် အတွင်းရေးမှူး နှင့် ခရိုင် ကော်မတီဝင် များ၊ ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဇေယျာဦး အတွင်းရေးမှူ ဦးကြည်‌စိုး နှင့် မြို့နယ်ကော်တီဝင်များ ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၆၀)ဦးတက်ရောက်ပြီး နေ့လည်(၁၂းဝဝ) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် အခမ်းအနားကို ကြွေးကြော်သံများဖြင့်ရုပ်သိမ်း ပါသည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ပါတီ အတွင်းရေးမှူး နှင့် အဖွဲ့က ရပ်ကျေးပါတီ ဥက္ကဌများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ပါသည်။

Crd;