ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့အတွင်းရှိ ဇလုံတောင်သာသနာပြုဆရာတော်ကြီးအား သွားရောက်ဖူးမျှော်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

 

ဗန်းမောက်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့အတွင်းရှိ သမိုင်းဝင် ဂေါဒေါပလ္လင် ဇလုံတောင်တော် ဣစ္ဆာသယချမ်းသာကြီးဘုရားတွင် သီတင်းသုံးနေတော်မူသော ပဓာနနာယက ဘဒ္ဒန္တဝိဇယ ဇလုံတောင်သာသနာပြုဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ခဲ့ကြသည်။

ရှေးဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်ဌေးနှင့် အဖွဲ့ဝင်များသည် ဆရာတော်ထံမှ သြဝါဒခံယူကာ သမိုင်းဝင် ဂေါဒေါပလ္လင် ဇလုံတောင်တော် ဣစ္ဆာသယချမ်းသာကြီးဘုရားအား တက်ရောက်ဖူးမျှော် ကြည်ညိုခဲ့ပြီး ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့သွားရောက်ဖူးမျှော်လှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည် နှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ စစ်ကိုင်းတိုင်းဒေကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဒေါက်တာအောင်မြတ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကော်မတီဝင်များ အတူလိုက်ပါခဲ့ကြသည်။