ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်

 

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုသောအားဖြင့် ကဏ္ဍများအလိုက်လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ (10.8.2018)ရက်နေ့ နံနက်(၇:၀၀) အချိန်တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ ဦးဆောင်၍ တောင်သူလယ်သမား ရေးရာ ၊ လူငယ်ရေးရာ ၊ အမျိုးသမီးရေးရာ တာဝန်ခံများ နှင့် ကော်မတီဝင် ၊ အရန်ကော်မတီဝင်များ စုပေါင်း၍ ကျုံပျော်မြို့နယ် မြို့အဝင် ရှိ တောင်သူလယ်သမား ဦးလှဝင်း၏ လယ်ယာစိုက်ခင်းတွင် သမန်းပြန်လည်နှိုးစွ ပေးခြင်း၊ ပေါင်းပင်မြက်ပင်များ ရှင်းလင်းပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။