ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆာပါချောင်/ကျောင်းစုရပ်ကွက်ရှိ ပါတီဝင်လူငယ်များ၊ အမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တွံတေးခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်း၊ ခရိုင်ကော်မတီဝင် ဦးသိန်းထွန်း၊ တွံတေးခရိုင် လူငယ်တာဝန်ခံ ဦးဝင်းမြင့်ဦး၊ မြို့နယ်အတွင်းရေးမှူးအမျိုးသမီးရေးရာခေါင်းဆောင် ဒေါ်ဆွေဆွေဝင်းနှင့်မြို့နယ် ပါတီ ကော်မတီဝင် များသည်  ဒီဇင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းတွင်း ဆာပါချောင်/ကျောင်းစုရပ်ကွက်ရှိ ပါတီဝင်လူငယ်များ၊ အမျိုးသမီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံခဲ့ရာတွင် တွံတေးခရိုင် ပါတီဥက္ကဌနှင့်အဖွဲ့မှ ပါတီဗဟို တိုင်း ခရိုင် မြို့နယ်များ၏ပြုပြင်ပြောင်းလဲထားမှု ၊ PRစနစ်အကြောင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ၏လုပ်ငန်းလမ်းညွန်ချက် ရပ်/ကျေးတွင် ရေးရာကော်မတီများဖွဲ့စည်းနေမှု ၊ ပါတီဝင်များစုစည်းနေမှု၊ ပါတီဝင်အသစ်များ ရရှိနိုင်ရေးကိစ္စရပ်များ၊ လူငယ်ရေးရာများ၊ အလုပ်သမား ရေးရာများနှင့် တောင်သူလယ်သမားရေးရာများ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက် များ အပေါ်တက်ရောက်လာကြသောပါတီဝင်များမှ မေးမြန်း အကြံပြု ဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက် များအပေါ်တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ် ကိစ္စရပ်များအား ချမှတ်နိုင်ခဲ့ပြီး၊ ပါတီဝင်သစ်များ ဖောင်ဖြည့်ခြင်းများကိုလဲ ဆောင်ရွက်နိုင်ခဲ့သည်၊ ဆက်လက်၍ တွံတေးခရိုင် လူငယ် တာဝန်ခံနှင့် ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဝင်း ဦးဆောင်သော မြို့နယ် ကော်မတီ အဖွဲ့သည့် ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ ရပ်ကျေးပါတီဝင်အချို့နှင့်လဲ နေ့လည်ပိုင်းတွင် တွေ့ဆုံခဲ့ကြသည်။