သံတွဲခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လူငယ်ခေါင်းများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်းမှ ပါတီဌာနချုပ်နှင့် ပြည်နယ်ပါတီ၏ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် သံတွဲခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်မှ အစည်းအဝေး ခေါ်ယူကျင်းပရခြင်းနှင့် ပါတီပိုင်းဆိုင်ရာကိစ္စရပ် များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်နယ် လူငယ်လှုပ်ရှားမှုတာဝန်ခံခေါင်းဆောင် ဦးပြည့်ဖြိုးအောင်မှ လူငယ်ရေးရာကိစ္စရပ် များအာ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဂွမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ တောင်ကုတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သီး၊ သံတွဲမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းနိုင်တို့မှ မိမိတို့သက်ဆိုင်ရာ ပါတီ၏ လုပ်ကိုင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတက်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် လူငယ်ရေးရာအဖွဲ့များမှ မြို့နယ်အလိုက် အပြန်အလှန် ဆွေးနွေးတင်ပြကြ ကာ ဆွေးနွေးချက်များအပေါ် ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်းနှင့် သံတွဲခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင်တို့က ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြသည်။

TD USDP