ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယရက်(၉၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

ရန်ကုန် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယရက်(၉၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးအား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးမှ ပါတီဗဟို၏ လမ်းညွှန်ချက်ဖြစ်သော ဒုတိယရက်(၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မင်းမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းကော်မတီဝင်များမှ ဖြည့်စွက်၍ အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်ဥက္ကဌများ မြို့နယ်ဥက္ကဌများမှ ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြခဲ့ကြပြီး တိုင်းပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကား၍ အစည်းအဝေးအား နေ့လည် ၀၁:၀၀ နာရီအချိန်၌ ရပ်နားခဲ့ပါသည်။