ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟို အလုပ်အမှုဆောင် များတက်ရောက်

 

မတ် ၁၂၊ ပုသိမ်

​၁၂-၃-၂၀၂၃ ရက်နေ့ နံနက် ၉ အချိန်တွင် ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ​ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ အောက်မြန်မာပြည်လူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊ အမျိုးသမီးရေးရာ အောက်မြန်မာပြည်အမျိုးသမီး​ရေးရာ တာဝန်ခံ ဒေါ်ခင်ရွှေမြင့်တို့မှ သက်ဆိုင်ရာ ရေးရာကဏ္ဍများအလိုက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူးနှင့် လူငယ်ရေးရာတာဝန်ခံတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဗဟိုအလုပ်အမှုဆောင်များမှ ပြန်လည်ဖြေကြားမှုများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။