ပါတီဗဟိုအတွင်းရေးမှူး တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ဆေးကုရာသို့ သွားရောက်အားပေး

 

ရန်ကုန် မတ် ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက သဘော့ချောင်း ကျေးရွာ၊ ရေဓနဲရိကျေးရွာအတွင်း ရေကျော်ကျေးရွာ ရပ်မိ/ရပ်ဖ ဒေသခံများနှင့် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရသည်။

ဆက်လက်၍ ဆက်ကလေးကျေးရွာတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ဆေးကုသရာနေရာသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသော ပြည်သူများအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။