ကြက်တောင်အားကစားမယ် သက်ထားသူဇာ Yonex German Open 2023 ပြိုင်ပွဲ ပထမပွဲစဉ်တွင် အနိုင်ရရှိ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ယခုနှစ်၏ ဥရောပခရီးစဉ် ပထမဆုံးပြိုင်ပွဲအဖြစ် မတ် ၇ ရက်မှ ၁၂ ရက်အထိ ဂျာမနီနိုင်ငံ၌ကျင်းပနေသည့် Yonex German Open 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ သက်ထားသူဇာသည် ဂျာမန်အိုးပင်း ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ပထမရက်တွင် ဟန်ဂေရီနိုင်ငံသူ Agnes KOROSI နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၉ မှတ်၊ ၂၁ မှတ် ၁၉ မှတ်တို့ဖြင့် သက်ထားသူဇာက အနိုင်ရရှိခဲ့သည်။

သက်ထားသူဇာသည် နောက်ဆုံးအဆင့်သို့တက်ရောက်နိုင်ရန်အတွက် ယနေ့တွင် ကိုရီးယားနိုင်ငံသူ Kim Ga Eun နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထပ်မံအနိုင်ရရှိပါက တရုတ်ကြက်တောင်မယ် Han Yue သို့မဟုတ် ထိုင်းကြက်တောင်မယ် Katethong တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဂျာမန်အိုးပင်းပြိုင်ပွဲသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)က ကျင်းပသည့် ပြိုင်ပွဲများအနက် Grade-2 အဆင့်ရှိ ပြိုင်ပွဲဖြစ်ပြီး HSBC BWF World Tour Super 300  ပြိုင်ပွဲဖြစ်သည်။