ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့ ဂျိုကိုဗစ်ကို မီယာမီအိုးပင်းမှာ ပြိုင်ခွင့်ပေးဖို့ အုပ်ချုပ်ရေးမှူးတောင်းဆို

အမေရိကန် ဖလော်ရီဒါ ရီပတ်ဘလစ်ကင် အုပ်ချုပ်ရေးမှူးက သမ္မတ ဘိုင်ဒန်အနေနဲ့ ဆားဗီးယား တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်ကို ဒီလမှာ ကျင်းပမယ့် မီယာမီ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကစားခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဂျိုကိုဗစ်က ကိုဗစ် ကာကွယ်ဆေး မထိုးတာကြောင့် တချို့နိုင်ငံတွေက ဝင်ခွင့်ပေးမပေးအပေါ် အငြင်းပွားနေတာ ဖြစ်ပါတယ်။ ကိုဗစ်ဆေးမထိုးတာကြောင့် ပိတ်ပင်တာက သိပ္ပံနည်းမကျသလို မမျှတဘဲ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ရွန်ဒီဆန်းတစ်က ပြောပါတယ်။ အရေးပေါ် ကာလ ကြေညာချက် အဆုံးသတ်မယ့် မေမှာ ကိုဗစ်ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ရှိနေပါတယ်။ ဒီကနေ့ Indian Wellsမှာ ကျင်းပမယ့် ပြိုင်ပွဲကို ဂျိုကိုဗစ်က လွဲချော်ဖို့ ရှိနေပါတယ်။ ကာကွယ်ဆေးမထိုးချင်တာကြောင့် ပြိုင်ပွဲကို မပြိုင်ဘူးလို့ ဂျိုကိုဗစ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမထိုးရင် ကျောင်းတွေ အစိုးရဌာနနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ခွင့်မပေးဘူးဆိုတဲ့ ကန့်သတ်တားမြစ်ထားတဲ့ ဥပဒေကို မစ္စတာ ဒီဆန်းတစ်က ၂ဝ၂၁ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။