အောင်လအန်ဆန်ပါဝင်သည့် ကမ္ဘာ့အဆင့်ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ တွဲဆိုင်းသုံးဆိုင်း ထုတ်ပြန်ကြေညာ

ရန်ကုန် ဇန်နဝါရီ ၇

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ryogoku Kokugikan မိုးလုံလေလုံ အားကစားကွင်းကြီး၌ မတ် ၃၁ ရက်တွင် ကျင်းပမည့် ONE: A NEW ERAပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့အဆင့်ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲ တွဲဆိုင်းသုံးဆိုင်းကို ONE Championship မှ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါတွဲဆိုင်းသုံးဆိုင်းတွင် အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟာဆဲဂါဝါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ် သည်။

ချန်ပီယံခါးပတ်ကို ကာကွယ်

ဝမ်းလိုက်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် ဖိလစ်ပိုင် နိုင်ငံသားEduard ”Landslide” Folayang သည် ၄င်း၏ ချန်ပီယံခါးပတ်ကို နာမည်ကျော် ဂျပန်ကိုယ်ခံပညာကစားသမား Shinya ”Tobikan Judan” Aokiနှင့် ကာကွယ်တိုက်ခိုက် သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ONE အမျိုးသမီး စတောဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သူ ”The Panda” Xiong Jing Nan သည် ၄င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်ရန် စင်ကာပူနိုင်ငံသူ ONE အမျိုးသမီး အက်တမ်ဝိတ် ကမ္ဘာ့ချန်ပီယံ”Unstoppable” Angela Lee နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပိုင်ဆိုင်ထားသော ”မြန်မာ့စပါးအုံး” အောင်လ အန်ဆန်သည် မြန်မာနိုင်ငံ၏ ထင်ပေါ်ကျော်ကြားဆုံးသော အားကစား သမား တစ်ဦးဖြစ်သည်။ ၂ဝ၁၈ ဇွန်လတွင် ဂျပန်ကစားသမား ဟာဆဲဂါဝါနှင့် ထိပ်တိုက်တွေ့ခဲ့သော ပွဲစဉ်တွင် ငါးချီမြောက်အထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အောင်လအန်ဆန်အနေဖြင့် နောက်ဆုံး အချိန်အထိ ပွဲကြီး ပွဲကောင်း ယှဉ်ပြိုင်ထိုးသတ်ကာ အနိုင်ယူနိုင်ခဲ့သော ပွဲစဉ် တစ်ခုလည်းဖြစ်သည်။

ယင်းပွဲစဉ်အား “ONE Championship သမိုင်းတွင် အကောင်းဆုံးပြိုင်ပွဲ” အဖြစ် သတ်မှတ် ထားခြင်းခံရပြီး မရပ်မနား ယှဉ်ပြိုင်ကာ အဆုံးသတ်လှပ ခဲ့ခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ကိုယ်ခံပညာ သိုင်းပေါင်းစုံ ဆုပေးပွဲတွင် ”တစ်နှစ်တာအတွက် အကောင်းဆုံး တွဲဆိုင်း”ဆု ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ အောင်လ အန်ဆန်နှင့် ဟာဆဲဂါဝါ တို့သည် ONE: A NEW ERA တွင် တစ်ဖန်ပြန်လည်ကာ သူတစ်ပြန်ကိုယ်တစ်ပြန် အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်ခြင်း ဖြစ်သည်။

ယင်းအပြင် နောက်ထပ်ပါဝင်မည့်တွဲဆိုင်းများမှာONE Championship ၏ ကစားသမားအသစ် ဖြစ်သည့် Demetrious “Mighty Mouse” Johson နှင့်fh Eddie “The Underground King” Alvarez တို့ ဖြစ်ကြသည်။ ထို့အပြင် ONE Championship သည် ONE Flyweight World Grand Prix ပွဲစဉ်အတွက်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့် တွဲဆိုင်းများဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 

(ကြေးမုံ)