အိန္ဒိယကိုရှုံးပြီးနောက် နည်းပြ ရာဂျီဗတ် အား ထိုင်း ထုတ်ပယ်

ထိုင်းဘောလုံးအဖွဲ့ချုပ်သည် အာရှဖလားအဖွင့်ပွဲတွင် အိန္ဒိယကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရာဂျီဗတ်အား ထုတ်ပယ်လိုက်ပြီဖြစ်သည်။ ရာဂျီဗတ်သည် အာရှဖလားပြိုင်ပွဲတွင် နောက်တစ်ဆင့်သို့ တက်ရောက်ရန် ကြိုးစားပေးမည်ဟု ကတိပြုထားသူဖြစ်သည်။

ထို့ကြောင့် ဘာရိန်း၊ ယူအေးအီးတို့မှာ အိန္ဒိထက် ပိုမိုခက်ခဲသည့်ပြိုင်ဘက်များ ဖြစ်မည်ဟု အဖွဲ့ချုပ်က ယူဆခဲ့ခြင်းကြောင့် အဆိုပါပွဲများတွင်လည်း ရလဒ်ကောင်းနိုင်လိမ့်မည် မဟုတ်ဟု သုံးသပ်ကာ နည်းပြအား ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။   _Ref: AP