ဒိန်းမတ်၊ ပြင်သစ်နှင့် အာဂျင်တီးနားတို့ အနိုင်ရနိုင်သည့် ယနေ့ည ကမ္ဘာ့ဖလားပွဲစဉ်များ

ဒိန်းမတ်-သြစတြေးလျ //ညနေ ၆ နာရီခွဲ

ပွဲဦးထွက်တွင်ပီရူးကို တစ်ဂိုးတည်းဖြင့် ကပ်နိုင်ထားသော ဒိန်းမတ်အသင်း၌ သြစတြေးလျနှင့်ပွဲအတွက် ကွင်းလယ်လူ ဗစ်ဗက်ကေဗစ်ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်လည်း ကြံ့ခိုင်မှု ပြည့်၊ မပြည့် မသေချာသေးပေ။ 

သို့သော် ဒိန်းမတ်သည် ကမ္ဘာ့ဖလားနောက်ဆုံး ၁၀ ပွဲ ရှုံးပွဲမရှိသေးဘဲ နောက်တစ်ဆင့် တက်ခွင့် သေချာရေး သြစတြေးလျကို အနိုင်ကစားမည်ဖြစ်သည်။ သို့သော် အုပ်စုမှ တက်ရေးသြစတြေးလျကလည်း မဖြစ်မနေ အနိုင်ရရန်  ကြိုးပမ်းမည်ဖြစ်သည်။

ဒိန်းမတ်အနိုင်ရနိုင်သော်လည်း ပွဲဦးထွက်ဟာကွက်များကို ပြင်ဆင်ထားသည့် သြစတြေးလျ နည်းပြ ဘာ့သ်ဗန်မာဝခ် ၏ တိုက်စစ်အားဖြည့်မှုကြောင့် ဂိုးမပြတ် နိုင်သောပွဲဖြစ်သည်။

ပြင်သစ်-ပီရူး  //ည ၉ နာရီခွဲ

ဗိုလ်စွဲရန်   ရေပန်းစားနေသော ဒက်စ်ချမ့်၏ ပြင်သစ်သည် ပွဲဦးထွက်တွင် သြစတြေးလျကို ၂-၁ ဂိုးဖြင့် နိုင်ခဲ့သော်လည်း  ခြေစွမ်းကောင်းမွန်ခြင်းမရှိပေ။ 

ပီရူးနည်းပြ ရီကာဒိုဂါရီကာက တန်ပြန်တိုက်စစ်အားပြုကစားရန် ပြင်ဆင်ထားစဉ် ပြင်သစ်က နောက်တစ်ဆင့် သေချာရေးဘောလုံးပိုင်ဆိုင်မှုအသာဖြင့် အနိုင်ရရန်ကြိုးပမ်းမည်ဖြစ်သည်။ 

၁၉၈၂ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားဝင်ခွင့်ရ ပီရူးကို ပြင်သစ်က ဂိုးအနည်းငယ်အသာဖြင့် အနိုင်ရနိုင်သည်။

ကမ္ဘာ့ဖလားတွင် ပြင်သစ်သည် ၁၉၇၈ ကတည်းက တောင်အမေရိကအသင်းများကို ရှုံးနိမ့်ဖူးခြင်း မရှိပေ။ သို့သော် ၁၉၈၂ က  နှစ်သင်းကြားတစ်ကြိမ် တွေ့ဆုံမှု ၌ ပီရူးက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အာဂျင်တီးနား- ခရိုအေးရှား  //ည ၁၂ နာရီခွဲ

ပွဲဦးထွက်တွင် အိုက်စလန်ကို အနိုင်ရသင့်သော်လည်း  တစ်မှတ်ခွဲပေးခဲ့ရသော အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီသည် ခရိုအေးရှားနှင့်ပွဲ၌ ပွဲထွက်စာရင်းကို အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။

နိုင်ဂျီးရီးယားကို ပွဲဦးထွက်နိုင်သော ခရိုအေးရှားက ယုံကြည်မှုရှိရှိဖြင့်ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။

တိုက်စစ်ပိုင်းအင်အားဖြည့်တင်းမှုနှင့်အတူ အာဂျင်တီးနားက အနိုင်ရနိုင်သော်လည်း ဂိုးမပြတ်နိုင်သော ပွဲတစ်ပွဲ ဖြစ်သည်။ ဆမ်ပါအိုလီက အာဂျင်တီးနား ကစားကွက်ကို ၄-၂-၃-၁ မှ ၃-၄-၃- ကစားကွက်သို့ ပြောင်းလဲရန် ပြင်ဆင်ထားသည်ဟု ဆို သည်။ ခရိုအေးရှားတွင် တိုက်စစ်မှူး နီကိုလာကာလီနစ်အိမ်ပြန်ပို့ခံထားရသည်။

ယင်းနှစ်သင်း ယခင်လေးကြိမ်တွေ့ဆုံမှု၌ အာဂျင်တီးနား က နှစ်ပွဲနိုင်၊  တစ်ပွဲသရေကျခဲ့ပြီး ခရိုအေးရှားက တစ်ပွဲနိုင်ထားသည်။   

—Ref:BBC/Whoscored