ကစားသမားဘဝ ပထမဆုံးမေဂျာဆုဖလားကို ဒီချမ်ဘီယူ ရရှိ

အမေရိကန်အိုးပင်းဂေါက်ရိုက်ပြိုင်ပွဲကို နယူးယောက်ပြည်နယ်၊ မာမာရိုးနက်ခ်မြို့က Winged Foot ဂေါကလပ်မှာ စက်တင်ဘာလ ၁၇ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့ရာမှာ အမေရိကန်နိုင်ငံသား ဘရိုင်ဆန်ဒီချမ်ဘူက ၄ ရက် ပေါင်း လျှော့ရိုက်ချက် ၆ ချက်နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

ပြိုင်ပွဲတလျှောက်မှာ အသက်၂၁ နှစ်သာရှိသေးတဲ့ အမေရိကန်နိုင်ငံသားလေး မက်သယူးဝုဖ်က ပရိသတ်တွေ အံ့အားသင့်ရလောက်အောင် လက်စွမ်းပြပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးနေ့ပွဲစဉ်မှာ တစ်ရက်ချင်း သတ်မှတ်ရိုက်ချက်ထက် ၅ ချက်ကျော်သွားတာကြောင့် ဒုတိယပဲရခဲ့ပါတယ်။

ဗိုလ်စွဲခဲ့တဲ့ ဒီချမ်ဘူဟာ ဂရန်းဆလမ်းဂေါက်ရိုက်ပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ဆုကြေး အမေရိကန် ဒေါ်လာ ၁.၂၅သန်း ရသွားကြောင်း ဘီဘီအားကစားသတင်းအရ သိရပါတယ်။ -Ref:BBC