ကိုလံဘီယာကိုနိုင်သော ပွဲအပြီးတွင် ကွင်းသန့်ရှင်းရေး လုပ်ခဲ့သည့် ဂျပန်ပရိသတ်များ ချီးကျူးခံရ

ကိုလံဘီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရသော ပွဲအပြီးတွင် ဂျပန်ပရိသတ်များက ဘောလုံးကွင်းအတွင်းရှိ အမှိုက်များကို လိုက်ကောက်ကာ သန့်ရှင်းရေး လုပ်ခဲ့သဖြင့် ၎င်းတို့၏ကောင်းမွန်သော အပြုအမူများကြောင့် အများ၏ ချီးကျူးခြင်း ခံနေရသည်။

ယင်းပွဲအပြီးတွင် ဂျပန်ပရိသတ်များသည် ၎င်းတို့နှင့်အတူပါ လာသည့် အမှိုက်အိတ်များနှင့် ဘောလုံးကွင်းထဲ၌ အမှိုက် ကောက်ခဲ့သည်။

ယခုလုပ်ရပ်သည် အပြာရောင် ဆာမူရိုင်းပရိသတ်များအတွက် ပထမဆုံးမဟုတ်ဘဲ ၎င်းတို့သည် အမြဲဆိုသလို ကောင်းသော အပြုအမူ ပြသခဲ့သည်။

ယင်းအပြုအမူမျိုးသည် ဂျပန်နိုင်ငံတွင် ကလေးဘဝကတည်းက အစပျိုးခဲ့သည့်အလေ့အထ တစ်ခုဖြစ်ကြောင်း ဂျပန်အ ခြေစိုက် ဘောလုံးသတင်းထောက် စကော့က ပြောသည်။

ဘောလုံးပွဲများပြီးနောက် သန့်ရှင်းရေးလုပ်ခြင်းသည် စာသင်ကျောင်းများတွင် ကျောင်းသားလေးများက စာသင်ခန်းများ၊ အလယ်လမ်းများကို သန့်ရှင်းရေး လုပ်ရင်း သင်ယူခဲ့ရသော အခြေခံ အလေ့အထများ၏ ရှေ့ဆက်အ ပြုအမူတစ်ခု ဖြစ်သည်ဟု အိုအာ ကာတက္ကသိုလ်မှ ပါမောက္ခ စကော့နော့သ်က ရှင်းပြသည်။

ဂျပန်အသင်းသည် ယခင်ကလည်း ယင်းကဲ့သို့ ယဉ်ကျေးဖွယ် အပြုအမူများပြသခဲ့၍ မီဒီယာများတွင် ချီးကျူးခံခဲ့ရသည်။

—Ref:BBC