ဥရောပထိပ်တန်း လိဂ်ငါးခုမှာ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူဖြစ်လာခဲ့တဲ့ ရီးရဲယ်မက်ဒရစ် စတား စီရော်နယ်ဒို

မ​နေ့ညက ဆယ်​လ်​တာ​ဗီဂိုနဲ့ပွဲမှာ ကစားသမားဘဝ၃၆၇ဂိုး​မြောက်​ကို သွင်းယူနိုင်​ခဲ့တဲ့ ခရစ်​တီယာနို​ရော်​နယ်​ဒိုဟာ ဥ​ရောပ ထိပ်​တန်းလိဂ်​ ငါးခုမှာဂိုးအများဆုံး သွင်းထားသူအဖြစ်​ စံချိန်​တင်​ထားခဲ့တဲ့ ဂျင်​မီဂ​ရေ့စ်​ရဲ့ စံချိန်​ကို ကျော်ဖြတ်​ နိုင်​ခဲ့ပြီဖြစ်​ပါတယ်​။

စပို့တင်းလစ္စဘွန်းမှာ မန်​ချက်​စတာယူနိုက်​တက်​ကို​ ပြောင်း​ရွေ့ပြီး​နောက်​ စီ​ရော်နယ်ဒိုဟာ ​​ပရီးမီးယားလိဂ်​မှာ မန်​ချက်​စတာ ယူနိုက်​တက်​အတွက်​ ၈၄ဂိုး သွင်းယူခဲ့ပါတယ်​။

ဘလွန်းဒီေ​​အာဆုရှင်​ စီ​ရော်​​နယ်​ဒိုရဲ့ ဂိုးသွင်းနှုန်းဟာ ရီးရဲယ်​မက်​ဒရစ်​မှာ အထူးမြင့်​တက်​ခဲ့ပြီး မ​နေ့ညက ဆဲလ်တာနဲ့ပွဲမှာ၂ဂိုးသွင်းယူခဲ့ပြီး​နောက်​ လာလီဂါ ၂၆၄ ပွဲမှာ၂၈၃ ဂိုးထိ ရရှိသွားခဲ့ကာ ဆီ​ဗီလာနဲ့ပွဲမှာ ဂ​ရေ့စ်​နဲ့ သွင်းဂိုး စံချိန်​တူညီသွားရာမှ လက်​ရှိမှာ​တော့ စံချိန်​သစ် တင်​နိုင်​ခဲ့ပြီဖြစ်​ပါတယ်​။

တော့တင်​ဟမ်​ ချဲလ်​ဆီး ​အေစီမီလန်​ ဝက်​စ်​ဟမ်းအသင်းတို့ရဲ့ ကစားသမား​ဟောင်း ဂ​ရေ့စ်​ဟာ ၁၉၅၀ နဲ့ ၁၉၆၀ ခုနှစ်​ကြားမှာ နာမည်​​ကျော်​ကြားခဲ့တဲ့ တိုက်​စစ်​မှုး​ဟောင်းဖြစ်​ပြီး အဆိုပါ စံချိန်​ကို ၁၉၇၁ ခုနှစ်​က တင်​ထားခဲ့တာ ဖြစ်ပါတယ်​။

စီ​ရော်​နယ်​ဒိုရဲ့ စံချိန်​သစ်​နဲ့ အနီးစပ်​ဆုံးရှိ​နေတာက​တော့ ဘာစီလိုနာတိုက်​စစ်​မှူး လီယွန်​နယ်​မက်​ဆီပဲဖြစ်​ပြီး အာဂျင်တီးနား ကြယ်​ပွင့်​ဟာ ၃၄၆ ဂိုး သွင်းယူထားပါတယ်​။

-Ref; Goal.com