ချယ်လ်ဆီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်၍ ဖီအိုရင်တီးနား ယူရို(၁)သန်းရ

စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းသည် ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်၍ ယူရို(၁)သန်း ရရှိခဲ့ကြောင်း သိရှိရသည်။

ဖီအိုရင်တီးနား အသင်းသည် ၎င်းတို့၏ စပိန်နောက်ခံလူ မားကို့စ်အလွန်ဆိုအား ချယ်လ်ဆီး အသင်းထံ ပြီးခဲ့သည့် နွေရာသီက ရောင်းချခဲ့စဉ် သဘောတူညီမှုအရ ၎င်းငွေကြေးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖီအိုရင်တီးနားအသင်းသည် အလွန်ဆိုအား ချယ်လ်ဆီးအသင်းထံ ပေါင်(၂၄)သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပါက ယူရိုငွေ(၁)သန်း ထပ်မံပေးချေရမည်ဟု သဘောတူညီ ချက်ထားရှိခဲ့ခြင်းဖြစ်သည်။

မားကို့စ်အလွန်ဆိုသည် ချယ်လ်ဆီးအသင်းတွင် နည်းပြ ကွန်တီ၏ နည်းစနစ်နှင့် အံဝင်အောင်ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၃၃)ပွဲကစားကာ (၆)ဂိုးသွင်းယူထားသည်။ Ref: DailyMail