ပရီးမီးယားလိဂ် ဥက္ကဌသစ်ဖြစ်ရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘဲ ရေပန်းစားနေ

ရာသီမကုန်ခင်မှာ ရာထူးကနေနုတ်ထွက်မယ့် စကူဒါမိုးရဲ့နေရာတွင် ပရီးမီးယားလိဂ်ရဲ့ အမှုဆောင်ဥက္ကဌ ဖြစ်လာရန် ရေပန်းစားသူများတွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ မှာ အံအားသင့်စရာပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ တိုနီဘလဲ မှာ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ရာထူးမှ အနားယူခဲ့သူဖြစ်ပါတယ်။

တိုနီဘလဲမှာ ဘောလုံးပတ်သက်ပြီး နယူးကာဆယ်အသင်းကို အားပေးတဲ့ပရိသတ်တစ်ဦးလို့သာ သိရပြီး အခြားဆက်စပ်မှု မရှိသလောက် နည်းပါးသူဖြစ်ပါတယ်။ တိုနီဘလဲနဲ့ အတူ ပရီးမီးယားလိဂ် ဥက္ကဌသစ်ဖြစ်လာရန် ရေပန်းစားသူများမှာ BT ရုပ်သံအကြီးအကဲဟောင်း ပီတာဆန် နဲ့  Sky Sports ရုပ်သံ အကြီးအကဲ ဘာနေးဖရန်စစ် တို့ဖြစ်ကြောင်း ဗြိတိန်မီဒီ ယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

90Minutes