မြန်မာ-ထိုင်းနယ်ခြားကော်မတီမှ တနင်္သာရီရေဘေးသင့်ပြည်သူများသို့ ကယ်ဆယ်ရေးပစ္စည်းများ လွဲပြောင်းပေးအပ်လှူဒါန်း

 

ကော့သောင်း စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နှင့်အနီး တစ်ဝိုက်ဒေသကျေးရွာများရှိ ရေ ဘေးသင့်ပြည်သူများအား ထောက် ပံ့ပေးအပ်နိုင်ရေးကယ်ဆယ်ထောက် ပံ့ရေးပစ္စည်းများ လွဲပြောင်းပေး အပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကော့ သောင်းမြို့ မြို့မတံတားတွင် ပြု လုပ်သည်။

ထိုင်း-မြန်မာနယ်ခြားကော်မ တီ ရနောင်းခရိုင်ဒုတိယဗျူဟာမှူး ဗိုလ်မှူးကြီး ထိတိဖွန်နှင့် တာဝန်ရှိ သူများကကော့သောင်းခရိုင် အုပ် ချုပ်ရေးမှူး ဦးနေဦး၊ မြန်မာ-ထိုင်းနယ်ခြားကော်မတီ (ကော့ သောင်း)ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီး ဇော်ဇော်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမြင့်သိန်းနှင့် တာဝန်ရှိ သူများအဖွဲ့သို့ ထိုင်းဘတ်ငွေ ငါးသိန်းခွဲခန့် တန်ဖိုးရှိထောက်ပံ့ ရေးပစ္စည်းများဖြစ်သည့် ဆန်၊ ခေါက်ဆွဲခြောက်၊ အချိုရည်ဘူး၊ ဆီ၊ အဝတ်အထည်နှင့် အသင့်စား အစားအစာများအပါအဝင် ငွေ သားထိုင်းဘတ် ၁၃၇၅ဝ နှင့် မြန်မာငွေကျပ် ၁ဝဝဝဝအားလာ ရောက်လွှဲပြောင်းပေးအပ်လှူဒါန်း ခြင်းဖြစ်သည်။

ယင်းထောက်ပံ့ရေးပစ္စည်း များအား ထိုင်း-မြန်မာနယ်ခြား ကော်မတီ၏အစီအမံဖြင့် ထိုင်း နိုင်ငံတောင်ပိုင်းဒေသများဖြစ် သည့် ချူဖွန်၊ ဖူကက်၊ စူရတ်ဌာနီ၊ ရနောင်းမြို့များမှ အဖွဲ့အစည်း များ၊ ထိုင်းနိုင်ငံသားများ၊ ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပရဟိတအဖွဲ့များ စုပေါင်း လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။

ကျော်စိုး(ကော့သောင်း)