မန်ယူဂန္ထဝင်ကစားသမား ရွန်နီဂျွန်ဆင်နှင့် နည်းပြနှစ်ဦးက မြန်မာလူငယ်များအား ဘောလုံးသင်တန်းပေးမည်

အင်္ဂလန်ပရီးမီးယား လိဂ်ကလပ် မန်ချက်စတာယူနိုက် တက်အသင်း၏ ဂန္ထဝင်ကစား သမား ရွန်နီဂျွန်ဆင်နှင့် နည်းပြနှစ်ဦးက မြန်မာနိုင်ငံသို့ လာရောက်ကာ ရက်တိုဘောလုံးသင်တန်းများ ပို့ချမည်ဖြစ်သည်။

မန်ချက်စတာယူနိုက်တက် အသင်းနှင့် စပွန်ဆာ စာချုပ်ချုပ် ဆိုထားသည့် Manda ကုမ္ပဏီတို့ ပူးပေါင်းကာ Manchester Uni-ted Soccer School Program အဖြစ် ရွန်နီဂျွန်ဆင်နှင့် နည်းပြနှစ်ဦးက ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့တွင် မေလ ၁၁ မှ ၁၅ ရက်အထိ ငါးရက်ကြာ မြန်မာလူငယ်များအတွက် ဘောလုံးသင်တန်း ဖွင့်လှစ်မည်ဖြစ်သည်။

ဂျပန်အခြေစိုက် Manda ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် ကျန်းမာရေးအ ထောက်အကူပြု ပစ္စည်း များရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး မန် ချက်စတာယူနိုက်တက် အသင်း ၏ တရားဝင် Nutritional Supple-ment Partner ဖြစ်သည်။

‘‘အသေးစိတ်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြသွားပါမယ်။ ရန်ကုန်မှာ ဘောလုံး သင်တန်းလေး လုပ်မယ်။ ပြီးရင် ဧရာဝတီတိုင်းကိုသွားပြီး ဘောလုံးသင်တန်းနဲ့ ဘောလုံးအထောက်အကူပစ္စည်းတွေ လှူတာ တွေလုပ်ဖို့ စီစဉ်ထားပါတယ်’’ ဟု Manda ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဘောလုံးသင်တန်း နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မေလ ၁၁ ရက်တွင် Melia ဟိုတယ်၌ ပြုလုပ်မည်ဖြစ်သည်။

နော်ဝေးနိုင်ငံသား အသက် (၄၇)နှစ်အရွယ်ရှိ ရွန်နီဂျွန်ဆင်သည် မန်ချက်စတာယူနိုက်တက် အသင်းတွင် ၁၉၉၆ မှ ၂၀၀၂ အထိ ပွဲပေါင်း ၉၉ ပွဲ ကစားခဲ့ပြီး ခုနစ်ဂိုးသွင်းယူခဲ့သည်။ ရွန်နီဂျွန်ဆင် သည် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့်အတူ ပရီးမီးယားလိဂ် ဖလားလေးကြိမ်နှင့် အခြားဆု ဖလားများလည်း ရယူနိုင်ခဲ့ သည်။

(7 Daydaily)