နေပြည်တော် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စုံညီအစည်းအဝေးကျင်းပ

ဖေဖော်ဝါရီလ (၂၂)ရက် ၂၀၂၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိးပါတီမှရပ်ကွက်/ ကျေးရွာအုပ်စုရှိ ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဌ ဦးလှဆွေ ကော်မတီဝင် ဒေါ်ယဉ်မင်းမြင့်ဆွေ ဇေယျာသီရိခရိုင်ပါတီဥက္ကဌ ဦးနွေနှင်းမောင် ပုဗ္ဗသီရိမြို့နယ်ပါတီဥက္ကဌ ဦးကျော်နိုင်မိုး နှင့် ကော်မတီဝင်များ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးရှိ ပါတီဥက္ကဌများ စည်းရုံးရေးမှူးများ အင်အား (၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား နံနက်(၉)နာရီမှ(၁၁)နာရီအထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌဦးလှဆွေမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး ဒေါ်ယဉ်မင်းမြင့်ဆွေမှ လာမည့်ရွေးကောက်ပွဲ၌ ကျင့်သုံးမည် PR စနစ် အကြောင်းအား စည်းရုံးရေးမှူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။