နယ်မြေကွင်းဆင်း၍ပါတီနှင့်ကင်းကွာနေကြသူများ၊ ပါတီဝင်ဟောင်းများ၊ First-Time Voters များနှင့် တွေ့ဆုံ

ပန်းတောင်း ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး အနောက်  ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကိုင်းကြီးအုပ်စု ကိုင်းကြီးရွာတွင် ရွာခွဲ ၅ ရွာမှ ပါတီဝင်ဟောင်းများ ကို အမာခံခေါင်းဆောင်များမှစုစည်း ဖိတ်ကြားပေးသည့်အတွက် ပြည်ခရိုင်ဥက္ကဌ  ဒေါ်ဆွေဆွေသင်း နှင့် ခရိုင်ကော်မတီဝင်ပန်းတောင်းမြို့နယ်တာဝန်ခံဦးသောင်းထွန်း ပန်တောင်းမြို့နယ် ဥက္ကဌ ဦးသန်းဇော်နှင့် မြို့နယ် ကော်မတီဝင်များ သွားရောက်တွေ့ဆုံ၍ ရှင်သန်လျှက်ရှိသော ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရေး First time voter စာရင်းယူခြင်း တွေ့ဆုံခြင်း  ဒေသဆိုင်ရာအချက်အလက်များ ဆွေးနွေးမှုလက်ခံနားထောင်ခြင်းတို့ဖြင့် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ပါသည်။