ကျောက်ဆည်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲဆိုင်ရာဥပဒေအသိပညာပေးသင်တန်းဖွင့်

 

ကျောက်ဆည် အောက်တိုဘာ ၂၈

ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှဖွင့်လှစ်သော ရွေးကောက်ပွဲ ဆိုင်ရာဥပဒေအသိပညာပေးသင် တန်းဖွင့်ပွဲကို ခရိုင်ပါတီရုံးခန်းမ တွင် ယမန်နေ့နံနက် ၉နာရီက ကျင်းပ ခဲ့သည်။

အဆိုပါသင်တန်းတွင် တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် သင်တန်း အား ဆက်လက်သင်ကြားပို့ချ ပေးခဲ့ပြီးသင်တန်းတွင် ဆန္ဒမဲပေး ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နည်းစနစ်၊ ကြိုတင်ဆန္ဒမဲပေးခြင်း နည်းစနစ်နှင့်ရွေးကောက်ပွဲကျင်းပ ခြင်းနည်းစနစ်၊ မဲဆန္ဒရှင်တစ်ဦး သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲ ပြစ်မှုနှင့် တရားမဲ့ ပြုကျင့်မှုများ အကြောင်းသိမှတ်ဖွယ်ရာများ၊ မဲရုံ ကိုယ်စားလှယ်နှင့်အကူ ကိုယ်စား လှယ်တစ်ဦး သိမှတ်ဖွယ်ရာများ၊ ဆန္ဒမဲရေတွက်ခြင်း၊ ရွေးကောက်ပွဲ အနိုင်/အရှုံးကြေညာခြင်း၊ ခိုင်လုံ မဲနှင့် ပယ်မဲများအကြောင်း၊ ပါတီ အောင်နိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲ များအကြောင်းတို့ကို နည်းပြဆရာ များမှ သင်တန်းသားများအား သင် ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် များဖြစ်ကြသော ဦးသန်းထွန်း၊ ဦးမျိုးမြင့်၊ဦးကျော်စန်း၊ကျောက် ဆည်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင် မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ သင် တန်းနည်းပြဆရာများ၊ သင်တန်း သားသင်တန်းသူများ စုစုပေါင်း ၁၈ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။

သုတ(မန္တလေး)