NASA က အင်္ဂါဂြိုလ်ကို ၄၅ ရက်နဲ့ လူသားတွေကို ပို့ဆောင်နိုင်တဲ့ နယူးကလီးယား ဒုံးပျံ အင်ဂျင်ကို စမ်းသပ်မည်

NASA က အာကာသယာဉ်မှူးတွေကို ၄၅ ရက်ထဲနဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်နိုင်တဲ့ နယူးကလီးယား စွမ်းအင်သုံး ဒုံးပျံ အင်ဂျင်ကို ဖန်တီးမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။

NASA က ပန်တဂွန်ရဲ့ Defense Advanced Research Projects Agency (DARPA) နဲ့ ပူးပေါင်းကာ အဲဒီ ဒုံးပျံကို တည်ဆောက်မှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အောင်မြင်စွာ တီထွင် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

NASA ရဲ့ လက်ရှိ ဒုံးပျံစနစ်ဟာ ရာစုနှစ် သက်တမ်း ရှိပြီ ဖြစ်တဲ့အတွက် ဒိတ်အောက်နေပါပြီ။ နယူးကလီးယား စနစ်က ၃ ဆ ကနေ ၄ ဆ ပိုမိုစွမ်းရည်မြင့်မားမှာ ဖြစ်တဲ့အတွက် အင်္ဂါဂြိုလ်ကို သွားတဲ့ ခရီးချိန်ကို ၅ ဆ လျှော့ချပေးနိုင်မှာပါ။ လက်ရှိမှာ အင်္ဂါဂြိုလ်ကို သွားဖို့ အချိန် ၇ လလိုအပ်ပြီး နယူးကလီးယား ဒုံးပျံ အင်ဂျင်က ၄၅ ရက်ထဲနဲ့ ပို့ဆောင်ပေးနိုင်မှာပါ။

NASA နဲ့ DARPA တို့ဟာ အဆင့်မြင့် နည်းပညာတွေကို အတူတကွ ပူးပေါင်း ဖန်တီးခဲ့တဲ့ သမိုင်းကြောင်း ရှိပြီး လူသားတွေကို လဆီ ပထမဆုံး အကြိမ် ပို့ဆောင်ပေးခဲ့တဲ့ Saturn V ဒုံးပျံကို အတူတူ တည်ဆောက်ခဲ့ကြပါတယ်။

အနာဂတ်မှာတော့ အင်္ဂါဂြိုလ်ကို ရက်တိုတိုနဲ့ ခရီးသွားနိုင်တော့မှာပါ။

Ref : livescience