စတိုင်ကျလှပသော VAIO ၏ Laptop အသစ်များ

ဈေးကွက်တွင် ကာလအတော်ကြာ ပျောက်ကွယ်လျက်ရှိသော VAIO သည် သုံးစွဲသူ အမျိုးမျိုးအတွက် Laptop သစ်များကို မိတ်ဆက်ခဲ့သည်။ ယခု မိတ်ဆက်လိုက်သည့် C15 series ထုတ်ကုန်များတွင် အရောင်အမျိုးမျိုး ပါဝင်သည်။ ၎င်းတို့မှာ အဖြူ/ကြေးနီ၊ အပြာ/မီးခိုးနှင့် အဝါ/အညို ဖြစ်သည်။ VAIO က ဖက်ရှင်ကျသော ကွန်ပျူတာများဟု ရည်ညွှန်းသည်။

Vaio

C15 ၏ပုံမှန်မော်ဒယ်တွင် မျက်နှာပြင် ၁၅.၅ လက်မ 1366x 768 display ပါဝင်သလို RAM 4GB နှင့် Intel Celeron 3215U ပရိုဆက်ဆာကို အသုံးပြုထားကာ ယန်း ၆၆,၈၀၀ (၆၄၁ ဒေါ်လာ) ဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ မော်ဒယ်များကို Sony စတိုးများတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

အဖြူ/ကြေးနီနှင့် အပြာ/မီးခိုး C15 မော်ဒယ်များအတွက် 1080 display, RAM 8GB နှင့် Intel i3 ပရိုဆက်ဆာ ပါဝင်သော ဗားရှင်းကို ထုတ်လုပ်ထားသေးသည်။

Ref: TheVerge

# InternetJournal


Leave a Reply