iPhone 14 Pro Max ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၄၅၄ ဒေါ်လာပဲ ရှိ

Counterpoint Research က iPhone 14 Pro Max ရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ်ဟာ ၄၅၄ ဒေါ်လာပဲ ရှိတယ်လို့ ပြောပါတယ်။ iPhone 13 Pro Max ရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ်ထက် ၃.၄ ရာခိုင်နှုန်း ပိုများပါတယ်။

iPhone 14 Pro Max ရဲ့ A16 Bionic Chip ရဲ့ ကုန်ကျစားရိတ်ဟာ အရင်မျိုးဆက် iPhone 13 Pro ရဲ့ A15 Bionic Chip ထက် ၁၁ ဒေါ်လာ ပိုများပါတယ်။ 128GB iPhone 14 Pro Max ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၄၇၄ ဒေါ်လာရှိပြီး ၁,၀၉၉ ဒေါ်လာနဲ့ ရောင်းနေတဲ့အတွက် ထက်ဝက်လောက် အမြတ်ရနေတယ်လို့ ပြောနိုင်ပါတယ်။

Apple ဟာ ကုန်ပစ္စည်းနဲ့ အစိတ်အပိုင်းတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ကို ပြောလေ့ မရှိပါဘူး။ အဲဒီအတွက် Counterpoint Research ရဲ့ တွက်ချက်မှုက ဘယ်လောက်မှန်သလဲ ဆိုတာ မပြောနိုင်ပါဘူး။

iPhone 14 Pro Max ရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ်ဟာ ၄၇၄ ဒေါ်လာလို့ ပြောပေမယ့် သုတေသနလုပ်ငန်း၊ တပ်ဆင်မှု၊ ကြော်ငြာနဲ့ ဖြန့်ချိခြင်း တို့လို ကုန်ကျစားရိတ်တွေ မထည့်သွင်းထားသေးပါဘူး။ အဲဒီအတွက် တကယ့် ကုန်ကျစားရိတ်ဟာ ၄၇၄ ဒေါ်လာထက် များနိုင်ပါတယ်။

Ref : applepost